သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ကာဒ်တွေကို အကာအကွယ်ပေးဖို့ အစ္စရေးတိုက်တွန်း


ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို လက်နက်ကိုင်အဖွဲ့တွေသိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေတဲ့ ဆီးရီးယားဒေသခံ ကာဒ်လူမျိုးများ (ဒီဇင်ဘာ ၈၊ ၂၀၂၄)
ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို လက်နက်ကိုင်အဖွဲ့တွေသိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေတဲ့ ဆီးရီးယားဒေသခံ ကာဒ်လူမျိုးများ (ဒီဇင်ဘာ ၈၊ ၂၀၂၄)

တူရကီ ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အတိုက်ခိုက်ခံနေရတဲ့ ဆီးရီးယားနိုင်ငံက ကာဒ်လူမျိုးတွေကို အကာအကွယ်ပေးဖို့ အစ္စရေး အစိုးရ က တောင်းဆိုလိုက်ပါတယ်။ ကာ့ဒ် လက်နက်ကိုင် အဖွဲ့တွေကို Manbij မြို့ အပါအဝင် အလက်ပို ဒေသကနေ ထွက်သွားအောင် တူရကီ နောက်ခံ လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်နေတာပါ။

ကာဒ်လူမျိုးတွေ ဦးဆောင်နေတဲ့ ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု SDF ဟာ အမေရိကန်နဲ့ မိတ်ဘက်ဖြစ်ပြီး၊ အစ္စလာမ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဆီးရီယား အိုင်အက်စ် အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို SDF က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အိုင်အက်စ်အိုင်အက်စ် အဖွဲ့ကို သတ္တိရှိရှိ တိုက်ခိုက်နေကြတဲ့ သူတွေကို အကာအကွယ်ပေးရေး ဟာ နိုင်ငံတကာ ကတိကဝတ် ဖြစ်ပါတယ်။ ဒါဟာ ဆီးရီးယား ရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာဒ်တွေ ဟာ ဆီးရီးယား တည်ငြိမ်ရေး အင်အား ဖြစ်လို့ပါ လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Gideon Sa’ar က တနင်္လာနေ့ က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

တူရကီ အစိုးရကတော့ SDF အဖွဲ့ဟာ တူရကီ၊ အမေရိကန်နဲ့ အီးယူတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ကာ့ဒ် အလုပ်သမား ပါတီ PKK ရဲ့ အဖွဲ့ခွဲတခု အဖြစ်ပဲမြင်ပါတယ်။ အမေရိကန် နဲ့ အီးယူကတော့ ကာဒ် အဖွဲ့ ၂ ဖွဲ့ကို ခွဲမြင်တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG