သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ မဟာမိတ်တွေနဲ့ အမေရိကန် ဆက်လက် လက်တွဲမည် 


ဆီးရီးယားနိုင်ငံမှာ မြို့တော် ဒမတ်စကတ်ကို သူပုန်တွေ သိမ်းယူခဲ့ပြီး သမ္မတဘာရှာအယ်လ်အာဆတ် ထွက်ပြေးသွားပြီးတဲ့နောက် သူပုန်တိုက်ခိုက်ရေးသမားတွေကို မြို့ထဲမှာ တွေ့ရစဥ်။ (ဒီဇင်ဘာ ၉၊ ၂၀၂၄)
ဆီးရီးယားနိုင်ငံမှာ မြို့တော် ဒမတ်စကတ်ကို သူပုန်တွေ သိမ်းယူခဲ့ပြီး သမ္မတဘာရှာအယ်လ်အာဆတ် ထွက်ပြေးသွားပြီးတဲ့နောက် သူပုန်တိုက်ခိုက်ရေးသမားတွေကို မြို့ထဲမှာ တွေ့ရစဥ်။ (ဒီဇင်ဘာ ၉၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad အစိုးရ ပြုတ်ကျခဲ့ပြီးနောက် အခြေအနေတွေ ရှုပ်ထွေးနေ ပေမဲ့ ဆီးရီးယားမှာIS စစ်သွေးကြွတွေကို အတူတွဲတိုက်နေတဲ့မဟာမိတ်တွေနဲ့ ဆက်လက် လက်တွဲ သွားမှာဖြစ်ကြောင်းအမေရိကန် အကြီးတန်းအရာရှိတွေက ပြောလိုက်ပါတယ်။

သူပုန်တွေ ဒမတ်စကတ်မြို့တော်ကို ဝင်ရောက်စီးနင်းခဲ့ရာက ဆီးရီးယားသမ္မတတိုင်းပြည်က ထွက်ပြေးပြီး ရုရှားနိုင်ငံမှာခိုလှုံနေကြောင်း ရုရှားအစိုးရကအတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်က ဆီးရီးယားမှာ တပ်ဖွဲ့ဝင်တွေ ချထားတဲ့ အစီအစဉ် အပြောင်းအလဲမရှိကြောင်း တာဝန်ရှိသူတွေက ပြောလိုက်တာပါ။ အမေရိကန် တပ်ဖွဲ့ဝင် အများစုကတော့ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယား အတိုက်အခံ SDF တပ်ဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး နိုင်ငံအရှေ့မြောက်ပိုင်းမှာလှုပ်ရှားနေကြပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာ အမေရိကန်တပ်တွေ ဆက်လက်ထားရှိမှာဖြစ်ကြောင့် အမေရိကန် အကြီးတန်းအရာရှိတဦးက မနေ့ကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။ IS တပ်ဖွဲ့တွေ ပြန် ခေါင်းမထောင်နိုင်ဖို့နဲ့ SDF တပ်ဖွဲ့တွေ ခိုင်မာအားကောင်းဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ SDF တပ်ဖွဲ့ကိုတော့ ကာဒ်လူမျိုးတွေနဲ့ အာရပ်ပြည်သူ့စစ်တွေပူးပေါင်းပြီး ၂၀၁၅ ခုနှစ်မှာ စတင် ထူထောင်ခဲ့တာပါ။ အင်အား ၃ သောင်းကနေ ၄ သောင်းလောက်ရှိတဲ့ SDF တပ်တွေဟာ ဆီးရီးယားမှာ အခြေစိုက်တဲ့ IS အစွန်းရောက်တွေကို နှိမ်နင်းရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ကြပါတယ်။

ဆီးရီးယားမှာ မဟာမိတ်တွေနဲ့ အမေရိကန် ဆက်လက် လက်တွဲမည် 
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG