သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

”Assad ပြုတ်ကျမှု ဆီးရီးယားပြည်သူတွေအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်း” ကန်သမ္မတ


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဒီဇင်ဘာ ၈၊ ၂၀၂၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဒီဇင်ဘာ ၈၊ ၂၀၂၄

ဆီးရီးယားမှာ Assad ပြုတ်ကျသွားတာဟာ တရားမျှတမှု အခြေခံဖြစ်ပြီး နှစ်ပေါင်းများစွာနစ်နာခံစားကြရတဲ့ ဆီးရီးယားပြည်သူတွေအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်းဖြစ်တယ်လို့ အမရိကန်သမ္မတ Joe Biden က ပြောပါတယ်။ ဆီးရီးယားနိုင်ငံကို ကောင်းမွန်တဲ့အနာဂတ်တည်ဆောက်ဖို့ အခွင့်အလမ်းရှိသလို၊ လတ်တလောအခြေအနေဟာ မသေချာမှုတွေနဲ့ အန္တရယ်ရှိတဲ့ အခိုက်အတန့်လည်းဖြစ်တယ်လို့ ပြောပါတယ်။

ဆီးရီးယားပြည်သူအားလုံးကို ကိုယ်စားပြုမယ့် ဖွဲ့စည်းပုံသစ်နဲ့ အစိုးရသစ်ပေါ်လာရေးဟာ ဆီးရီးယားလူထုကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုကတော့ လူသားချင်းစာနာကူညီမှုတွေနဲ့ တတ်နိုင်သလောက် ကူညီသွားမယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ဆီးရီးယားမြို့တော်မှာ ပျောက်ဆုံးနေခဲ့တဲ့ အမေရိကန်သတင်းထောက် Austin Tice အသက်ရှင်လျှက် ရှိနေတယ်လို့ အမေရိကန်အစိုးရက ယူဆထားပြီး၊ သူ့ကို နေရပ်ပြန်ခေါ်ဖို့ ဆောင်ရွက်မယ်လို့လည်း အမေရိကန်သမ္မတ Joe Biden က ပြောပါတယ်။

တချိန်တည်းမှာတော့ ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ရှောင်ပြီး ငြိမ်သက်အေးချမ်းမှုရှိစေဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က တိုက်တွန်းပါတယ်။ ၁၄နှစ် ပြည်တွင်းစစ်ဖြစ်ပြီး အာဏာရှင်အစိုးရပြုတ်ကျသွားတဲ့နောက် ဆီးရီးယားလူထုအနေနဲ့ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့အနာဂတ်တည်ဆောက်ဖို့ သမိုင်းတွင်မယ့် အခွင့်အလမ်းရှိလာပြီလို့လည်း ကုလ အတွင်းရေးမှုးချုပ်ကပြောပါတယ်။ ဆီးရီယားအနာဂတ်ကို ဆီးရီးယားလူထုက ဆုံးဖြတ်ရမှာဖြစ်ပြီး ဒီအတွက် ဆီးရီးယားဆိုင်ရာကုလအတွင်းရေးမှုချုပ် အထူးကိုယ်စားလှယ်က လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG