သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမြို့တော် ဆင်ခြေဖုန်းအထိ သူပုန်အဖွဲ့တွေ သိမ်းယူ


Damascus ရဲ့ ဆင်ခြေဖုန်းကို ဝင်လာတဲ့ သူပုန် တပ်ဖွဲ့ဝင်တစု။
Damascus ရဲ့ ဆင်ခြေဖုန်းကို ဝင်လာတဲ့ သူပုန် တပ်ဖွဲ့ဝင်တစု။

ဆီးရီးယားနိုင်ငံတဝန်း မြို့ကြီးတွေပါမကျန် ဒေသအများအပြားကို အချိန်တိုအတွင်း သိမ်းပိုက် နေရာယူလာနေတဲ့ အစိုးရ အတိုက်အခံ သူပုန်အဖွဲ့တွေဟာ အခုဆိုရင် မြို့တော် Damascus ရဲ့ ဆင်ခြေဖုန်းဒေသတွေအထိ ရောက်လာနေပြီလို့ အတိုက်အခံ အင်အားစုတွေနဲ့ သူပုန်အဖွဲ့ ခေါင်းဆောင်တဦးက စနေနေ့က ပြောပါတယ်။


အတိုက်အခံ အင်အားစုတွေ အနေနဲ့ မြို့တော်အနီးနားအထိ ခုလောက် ထိုးဖောက် ဝင်ရောက်နိုင်တာကတော့ ၂၀၁၈ ခုနှစ်နောက်ပိုင်း ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ မြို့တော်နဲ့ကပ်လျက် ဒေသအထိ သူပုန်အဖွဲ့တွေက တနှစ်လောက် သိမ်းယူ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အစိုးရတပ်ဖွဲ့တွေက ပြန်လည် သိမ်းယူတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။


လက်ရှိမှာတော့ အစိုးရတပ်တွေဟာ နိုင်ငံတောင်ပိုင်း ဒေသ အတော်များများကနေ စနေနေ့က ဆုတ်ခွာခဲ့ရသလို၊ ပြည်နယ်မြို့တော် နှစ်ခု အပါအဝင် နိုင်ငံတဝန်း နေရာ အတော်များများကို သူပုန်တွေက ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

အချိန်တိုအတွင်း ဆီးရီးယားသူပုန်တွေ အခုလို နယ်မြေတွေ အများအပြားကို သိမ်းယူလာနိုင်တာဟာ လတ်တလော ကူရာမဲ့ ဖြစ်နေတဲ့ သမ္မတ Bashar Assad အတွက်တော့ ကံကြမ္မာဆိုးတခုပါပဲ။

နိုင်ငံကို ဆယ်စုနှစ်တွေနဲ့ချီ အုပ်ချုပ်နေတဲ့ Assad အစိုးရရဲ့ မဟာမိတ် နိုင်ငံတွေကလည်း လတ်တလောမှာ သူတို့ကိုယ်ပိုင် ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဆီးရီးယားရဲ့ အဓိက မဟာမိတ်တွေဖြစ်တဲ့ ရုရှားက ယူကရိန်းစစ်ပွဲနဲ့ အလုပ်များနေသလို၊ လက်ဘနွန်က ဟက်ဇ်ဘိုလာ တွေလည်း လောလောဆယ် အစ္စရေးနဲ့ ပဋိပက္ခတွေကြောင့် ဆီးရီးယားကို မကူနိုင်တဲ့ အခြေအနေ ဖြစ်နေတာပါ။ အလားတူ အီရန်နဲ့ ဒေသတွင်း သူ့ရဲ့ လက်ဝေခံတွေ ဟာလည်း အစ္စရေးရဲ့ ပုံမှန် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဆုတ်ယုတ်မှုတွေနဲ့ ကြုံနေရတဲ့အချိန် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG