သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသတွင်းတိုက်ပွဲများ ၁၆ ဦးထက်မနည်း သေဆုံး


လက်ဘနွန်တောင်ပိုင်း Tyre မြို့စွန်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုခံရတဲ့မြင်ကွင်း။ (အောက်တိုဘာ ၃၁၊ ၂၀၂၄)
လက်ဘနွန်တောင်ပိုင်း Tyre မြို့စွန်မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုခံရတဲ့မြင်ကွင်း။ (အောက်တိုဘာ ၃၁၊ ၂၀၂၄)

အရှေ့အလယ်ပိုင်းဒေသတွင်း နေရာအတော်များများမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကြာသပတေးနေ့မှာ သေဆုံးသူ အနည်းဆုံး ၁၆ ယောက်ထက် မနည်းရှိနေပါတယ်။

အစ္စရေးမြောက်ပိုင်းမှာ လက်ဘနွန်ဘက်ကနေပစ်ခတ်မှုကြောင့် အစ္စရေးလယ်သမားတဦးနဲ့ နိုင်ငံခြား အလုပ်သမား ၄ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေး ဘက်ကနေ လက်ဘနွန်တောင်ပိုင်းကိုပစ်ခတ်မှုကြောင့်လည်း ကျန်းမာရေးလုပ်သား ၆ ဦး အပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ လက်ဘနွန်အရာရှိတွေက ပြောပါတယ်။ ပါလက်စတိုင်းအရာရှိတွေကတော့ အစ္စရေးတွေသိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းဒေသမှာ အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် ၃ ဦးသေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ကလည်း လက်ဘနွန်က ဟက်ဇ်ဘိုလာတွေရဲ့ လက်နက်သိုလှောင်ရုံတွေနဲ့ ဆီးရီးယား အခြေစိုက်စခန်းတွေကို ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အစ္စရေးစစ်တပ်က လက်ဘနွန်အရှေ့ပိုင်းက ဘာလ်ဘက် ဒေသခံတွေကို ဘေးလွတ်ရာရှောင်ကြဖို့ ဒုတိယနေ့အဖြစ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ အဲဒီမြို့ထဲနဲ့ နာမည်ကျော် ရိုမန်ဘုရားကျောင်းရှိရာ နေရာတဝိုက်မှာရှိတဲ့ ဟက်ဇ်ဘိုလာတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တာပါ။ အမေရိကန်သံတမန်တွေနဲ့ အစ္စရေးအရာရှိတွေဟာ လက်ဘနွန်မှာ အပစ်ရပ်ရေး ဆွေးနွေးဖို့အတွက် အစ္စရေးမှာ တွေ့ဆုံခဲ့ကြပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ အစ္စရေးကိုလာရောက်တဲ့ အမေရိကန်အထူးသံတမန် Amos Hochstein နဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ အကြံပေး Brett McGurk တို့နဲ့ တွေ့ဆုံခဲ့ပြီး ဟက်ဇ်ဘိုလာနဲ့ အပစ်ရပ်ရေးဆိုင်ရာ ဘယ်သဘောတူညီချက်မှာမဆို အစ္စရေးရဲ့လုံခြုံရေးကို ဟက်ဇ်ဘိုလာတွေက အာမခံပေးရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို အကောင်ထည်ဖေါ်ရေးအတွက် ရက်ပေါင်း ၆၀ အပစ်ရပ်ရေးကို အခုဆွေးနွေးပွဲမှာ ဦးတည်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

 အရှေ့အလယ်ပိုင်းဒေသတွင်းတိုက်ပွဲများ ၁၆ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG