သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးပစ်ခတ်မှု လက်ဘနွန်တောင်ပိုင်း လူ (၁၆) ဦး သေဆုံး


Aftermath of Israeli strike on Nabatieh
Aftermath of Israeli strike on Nabatieh

အစ္စရေးရဲ့ ဗုဒ္ဓဟူးနေ့ လေကြောင်းတိုက်ခိုက်မှုကနေ လက်ဘနွန်တောင်ပိုင်း နာဘာတီယာမြို့မှာ မြို့တော်ဝန်အပါအဝင် လူပေါင်း ၁၆ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ ခဲ့ရတယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ခရိုင်မြို့တော်ကို အခုလိုတိုက်ခိုက်မှုအပေါ် လက်ဘနွန်အရာရှိတွေက ရှုတ်ချလိုက်ပြီး အခုတိုက်ခိုက်မှု ကို ကြည့်ရင် အစ္စရေးဟာ ဟက်ဇ်ဘိုလာတွေကို တိုက်ခိုက်ရာကနေ လက်ဘနွန်နိုင်ငံကို ပြောင်းလဲ ပစ်မှတ်ထား တိုက်ခိုက်လာတယ်ဆိုတာ ပြနေတယ်လို့ ပြောပါတယ်။ လက်ဘနွန် ယာယီဝန်ကြီးချုပ် Najib Mikati ကတော့ အစ္စရေးရဲ့ ထိုးစစ်ကြောင့် မြို့ခံတွေကို ရွှေ့ပြောင်း နေရာချထားဖို့ ဆွေးနွေးနေတဲ့ နာဘာတီယာမြို့ရဲ့ မြို့တော်စည်ပင်ကောင်စီကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အစ္စရေးမြောက်ပိုင်းက လက်ဘနွန်နယ်စပ်ကို သွားရောက်နေတဲ့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Yoav Gallant ကတော့ ညှိနှိုင်းမှုတွေလုပ်ဖို့ ဟက်ဇ်ဘိုလာထိုးစစ်ကို ရပ်ဆိုင်းထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အစ္စရေးစစ်တပ်ကလည်း နာဘာတီယာမှာ ရှိတဲ့ ဒါဇင်နဲ့ချီတဲ့ ဟက်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

လက်ဘနွန်ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Jeanine Hennis-Plasschaert ကတော့ အစ္စရေးဟာ လက်ဘနွန်တလွှားက အရပ်ဘက်အခြေခံ အဆောက်အဦးတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်နေတာ တွေ့ရပြီး အရပ်သားတွေ ဒုက္ခခံစားနေရကြောင်း ပြောပါတယ်။ အခုအချိန်ဟာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အားလုံး ချက်ချင်းအပစ်ရပ်ပြီး ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဒေသခံတွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် သံတမန်ရေးအဖြေရှာဖို့ အချိန်ရောက်နေပြီလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဟက်ဇ်ဘိုလာတွေရှိတဲ့ နေရာတွေနား မနေကြဖို့ ဘေရွတ်မြို့ခံတွေကို အစ္စရေးကသတိပေးပြီးနောက် အခုလို တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လက်ဘနွန်ဘက်ကနေ ပစ်ခတ်မှုအကြိမ် ၅၀ ကျော် ရှိတယ်လို့ အစ္စရေးကပြောသလို ဟက်ဇ်ဘိုလာတွေကလည်း အစ္စရေး မြောက်ပိုင်းကို မစ်ဇိုင်းဒုံးတွေနဲ့ သူတို့ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးပစ်ခတ်မှု လက်ဘနွန်တောင်ပိုင်း လူ (၁၆) ဦး သေဆုံး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG