သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန် လူနေတိုက်ခန်း အစ္စရေးတိုက်ခိုက်မှု လူ (၁၈) ဦးမကသေဆုံး


လက်ဘနွန်ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ခံထားရတဲ့ လက်ဘနွန်မြောက်ပိုင်းက Aito ရွာလေးက အပျက်အစီးတွေကြားက ရုပ်အလောင်းတခုကို သယ်ထုတ်လာစဥ်။ (အောက်တိုဘာ ၁၄၊ ၂၀၂၄)
လက်ဘနွန်ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ခံထားရတဲ့ လက်ဘနွန်မြောက်ပိုင်းက Aito ရွာလေးက အပျက်အစီးတွေကြားက ရုပ်အလောင်းတခုကို သယ်ထုတ်လာစဥ်။ (အောက်တိုဘာ ၁၄၊ ၂၀၂၄)

လက်ဘနွန်မြောက်ပိုင်းက လူနေတိုက်ခန်းတခုကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၈ ဦးတနင်္လာနေ့က သေဆုံးသွားခဲ့ကြတယ်လို့ လက်ဘနွန် ကြက်ခြေနီအသင်းက ပြောပါတယ်။ ဒီနေရာဟာ ဟက်ဇ်ဘိုလာတွေအားကောင်းတဲ့ တိုင်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်းတို့နဲ့ အလှမ်းဝေးလှတဲ့ နေရာပါ။

Aito အမည်ရှိရွာက လူနေတိုက်ခန်းငယ်လေးကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပစ်မှတ်က မသဲကွဲသေးသလို အစ္စရေးစစ်တပ်ကလည်း ဘာမှ မပြောသေးပါဘူး။ အစ္စ‌ရေးမြောက်ပိုင်း စစ်စခန်းတခုကို ဟက်ဇ်ဘိုလာတို့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အားလုံး အသက် ၁၉ နှစ်အရွယ် စစ်သား ၄ ယောက် သေဆုံး၊ ၇ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီးတရက်အကြာမှာ ခုလို အစ္စရေးက တိုက်ခိုက်တာပါ။

ဟက်ဇ်ဘိုလာရဲ့ တနင်္ဂနွေနေ့တိုက်ခိုက်မှုမှာ စုစုပေါင်း လူ ၆၁ ယောက် ဒဏ်ရာရခဲ့တာပါ။ အဲဒီ အစ္စရေး စစ်စခန်းကိုတနင်္လာနေ့မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟု သွားရောက်ခဲ့ပါတယ်။ ဘေရွတ်အပါအဝင် လက်ဘနွန်နေရာတိုင်းမှာ ရှိတဲ့ ဟက်ဇ်ဘိုလာတွေကို အစ္စရေးက ဆက်လက်ပြီး အညှာအတာမဲ့တိုက်ခိုက်မယ်လို့ နေတန်ယာဟု က ပြောပါတယ်။ အစောပိုင်းတုန်းကလည်း ဂါဇာက ဆေးရုံဝင်းကို အစ္စရေးကတိုက်ခဲ့လို့ လူအနည်းဆုံး ၄ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက် ဝန်ထမ်းတွေက ပြောပါတယ်။

Error
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG