သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်မှာ အစ္စရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးတိုးချဲ့


လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မှာပေါက်ကွဲမှုကိုမြင်တွေ့ရစဉ် (အောက်တိုဘာ ၈၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မှာပေါက်ကွဲမှုကိုမြင်တွေ့ရစဉ် (အောက်တိုဘာ ၈၊ ၂၀၂၄)

ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို နယ်စပ်ကနေ ပြန်တိုက်ထုတ်ဖို့ လက်ဘနွန် အနောက်တောင်ပိုင်းမှာ မြေပြင်စစ်ဆင်ရေးတခု ဒီနေ့ စတယ်လို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။ စက်တင်ဘာ ၃၀ ရက်က စခဲ့တဲ့ မြေပြင်တိုက်ပွဲတွေလိုပဲ အခုစစ်ဆင်ရေးကိုလည်း အကန့်အသတ်နဲ့ ပစ်မှတ်ထားလုပ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီမြေပြင်စစ်ဆင်ရေးမှာ လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်အပါအဝင် လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပါဝင်မှာပါ။ တချိန်တည်းမှာပဲ အီရန်ကနေ လက်ဘနွန်အခြေစိုက် စစ်သွေးကြွအဖွဲ့ဆီကို လက်နက်တွေပေးပို့ရာမှာ ပါဝင်ခဲ့တဲ့ ဟစ်ဇ်ဘိုလာ အကြီးတန်း တပ်မှူး Suhail Husseini ဟာ လေကြောင်းတိုက်ခိုက်မှုတခုမှာ သေဆုံးခဲ့တယ်လို့လည်း အစ္စရေး စစ်တပ်က ဒီနေ့ပဲ ပြောပါတယ်။

လက်ဘနွန်မှာ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှု အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာပြီး တိုက်ခိုက်မှုတွေကြောင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah သေဆုံးပြီး ၁၀ ရက်အကြာမှာ အခုလို နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်လာတာပါ။ ပဋိပက္ခတွေ ကြီးထွားလာတဲ့အတွက် အရပ်သားတွေကို ဘေးလွတ်ရာရှောင်ပြေးကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။ တူရကီကလည်း သူ့ရဲ့ နိုင်ငံသား ၂ ထောင် ဘေးလွတ်ရာကို ထွက်ပြေးနိုင်ဖို့အတွက် ရေတပ်သင်္ဘော ၂ စင်းကို စေလွှတ်ထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG