သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲနှစ်ပတ်လည် အပြန်အလှန်တိုက်ခိုက်မှုများပြား​​​​​​​


အစ္စရေး ရဲအရာရှိတဦးက လက်ဘနွန်ဘက်ကနေ အစ္စရေးဘက်ကိုပစ်လိုက်တဲ့ ဒုံးကျည်ထိမှန်ပေါက်ကွဲတဲ့နေရာကို စစ်ဆေးနေစဥ်။ (အောက်တိုဘာ ၇၊ ၂၀၂၄)
အစ္စရေး ရဲအရာရှိတဦးက လက်ဘနွန်ဘက်ကနေ အစ္စရေးဘက်ကိုပစ်လိုက်တဲ့ ဒုံးကျည်ထိမှန်ပေါက်ကွဲတဲ့နေရာကို စစ်ဆေးနေစဥ်။ (အောက်တိုဘာ ၇၊ ၂၀၂၄)

အစ္စရေးတောင်ပိုင်းကို ဟာမတ်စ်တို့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နှစ်ပတ်လည်မှာ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသက ဟာမတ်စ်ပစ်မှတ်တွေနဲ့ လက်ဘနွန်က ဟက်ဇဘိုလာပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာပစ်မှတ်တွေထဲမှာ ဟာမတ်စ်တို့ရဲ့ ဒုံးကျည်ပစ်စခန်းတွေ ပါဝင်ပြီး ဟာမတ်စ်တို့ဘက်ကလည်း အစ္စရေးရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Tel Aviv နဲ့ အစ္စရေး တောင်ပိုင်းနယ်စပ်တလျှောက်ကို ပစ်ခတ်ခဲ့တယ်လို့ တနင်္လာနေ့က ပြောပါတယ်။ အစ္စရေးတို့ဘက်ကတော့ Tel Aviv နဲ့ နိုင်ငံအလယ်ပိုင်း လေကြောင်းအန္တရာယ် ဥသြဆွဲပြီး သတိပေးခဲ့တယ်လို့ဆိုပါတယ်။ လက်ဘနွန်တောင်ပိုင်းမှာတော့ ဂျက်လေယာဥ်အစင်း ၁၀၀ လောက်က ဟက်ဇဘိုလာပစ်မှတ် ၁၂၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ ဒါ့အပြင် ဘေရွတ်မြို့က ဟစ်ဇဘိုလာထောက်လှမ်းရေးဌာနချုပ်တွေရှိတဲ့ နေရာအတိအကျကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟက်ဇဘိုလာတို့ကလည်း အစ္စရေးမြောက်ပိုင်း Haifa မြို့ကို ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ပါတယ်။ ဒီအတွက် လူအနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေး သတင်းတွေက ဖော်ပြပါတယ်။​ ဟက်ဇဘိုလာဘက်ကတော့ သူတို့ရဲ့ပစ်မှတ်ဟာ အစ္စရေး စစ်စခန်းဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးတို့ကတော့ အောက်တိုဘာ ၇ ရက် ဟစ်ဇဘိုလာအကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည်နေ့မှာ အခမ်းအနားတခုကို ငြိမ်သက်စွာကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG