သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို အီရန်ဘက်က ဒုံးကျည်တွေ အမြောက်အများ ပစ်ခတ်


အီရန်ဘက်ကအစ္စရေးအလယ်ပိုင်းကိုပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ညအချိန်ကောင်းကင်ယံမှာ ဂါဇာကမ်းမြောင်ဒေသ Deir al-Balah ကနေ မြင်ရပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄)
အီရန်ဘက်ကအစ္စရေးအလယ်ပိုင်းကိုပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ညအချိန်ကောင်းကင်ယံမှာ ဂါဇာကမ်းမြောင်ဒေသ Deir al-Balah ကနေ မြင်ရပုံ။ (အောက်တိုဘာ ၁၊ ၂၀၂၄)

အောက်တိုဘာလ ၁ ရက်နေ့မှာ အီရန်ကအစ္စရေးကို မစ်ဇိုင်းဒုံးကျည်တွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့တဲ့အတွက်အစ္စရေးနဲ့ အီရန်ရဲ့ ဒေသတွင်း မဟာမိတ်တွေကြား ဖြစ်ပွါးနေတဲ့ တနှစ်ကြာပဋိပက္ခကို ပိုကြီးမားလာစေပါတယ်။

အီရန်က ဒေသစံတော်ချိန် အင်္ဂါနေ့ ညနေ ၇ နာရီခွဲကနေ စတင်ပြီး နာရီဝက်နီးပါး အဆက်မပြတ် မစ်ဇိုင်းဒုံးကျည် ၁၈၀လောက် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ အီရန်အစိုးရသတင်းဌာန IRNA က သူ့တယ်လီဂရမ် လူမှုကွန်ယက်ကနေ မစ်ဇိုင်းဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းက ဟာမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာကို ဇူလိုင်လတုန်းက Tehran မှာ လုပ်ကြံတာနဲ့ အစ္စရေးရဲ့ မကြာခင်ရက်တွေအတွင်းတိုက်ခိုက်မှုကနေ လက်ဘနွန်က ဟက်ဇ်ဘိုလာ ခေါင်းဆောင်နဲ့ အီရန်တော်လှန်ရေး အစောင့်တပ်IRGC တပ်မှူး သေဆုံးရတာတွေအတွက် အစ္စရေးလုံခြုံရေးနဲ့ ထောက်လှမ်းရေး ပစ်မှတ်တွေကို အီရန်ရဲ့ ထိပ်တန်းတပ်ဖွဲ့ IRGC က တိုက်ခိုက်တာ ဖြစ်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဟက်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် ဟာဆန်း နာစရီလာဟာ ဘေရွတ်မှာ သောကြာနေ့ တိုက်ခိုက်မှုကနေ သေဆုံးခဲ့တာပါ။အခု အင်္ဂါနေ့ အစ္စရေးကို မစ်ဇိုင်းဒုံးနဲ့ပစ်ခတ်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ရဲ့ ခွင့်ပြုချက်နဲ့ တိုက်ခိုက်တာ ဖြစ်ကြောင်း IRGC က ပြောပါတယ်။ အစ္စရေးစစ်ဘက်ကတော့ အခုလို အီရန်က အစ္စရေးမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁၀သန်းလောက် အန္တရာယ်ရှိနေတယ်လို့ ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဌာန အရာရှိတဦးကတော့ အစ္စရေးကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အီရန်ရဲ့ မစ်ဇိုင်းဒုံးကျည်တွေကို ဒေသတွင်းမှာရှိနေတဲ့ အမေရိကန်တပ်တွေက ခုခံကာကွယ်ပေးခဲ့တယ်လို့ VOA ကို ပြောပါတယ်။ အီရန်ရဲ့အစ္စရေးကို တိုက်ခိုက်မှုအတွက် သမ္မတဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတ Kamala Harris တို့က မပြတ်စောင့်ကြည့်နေ ကြောင်းသမ္မတအိမ်ဖြူက ပြောပါတယ်။

အစ္စရေးကို အီရန်ဘက်က ဒုံးကျည်တွေ အမြောက်အများ ပစ်ခတ်        
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG