သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး သံတမန်နည်းနဲ့ ဖြေရှင်းဖို့ ကုလမိန့်ခွန်းမှာ သမ္မတဘိုင်ဒင်တိုက်တွန်း


ကုလသမဂ္ဂအထွေထွေအစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (စက်တင်ဘာ ၂၅၊ ၂၀၂၄)
ကုလသမဂ္ဂအထွေထွေအစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (စက်တင်ဘာ ၂၅၊ ၂၀၂၄)

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးမှာ သံတမန်ရေးအရ ဆက်လက် ဖြေရှင်းကြဖို့နဲ့ သန်းနဲ့ချီတဲ့ လူတွေ အငတ်ဘေးသင့်ပြီး နယ်ခြားကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပွဲတွေအဆုံးသတ်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းမှာ တိုက်တွန်း ပြောကြားသွားပါတယ်။

"တင်းမာမှုတွေ ပိုပြီးတော့ အရှိန်မြင့်လာပေမဲ့လည်း သံတမန်ရေးအရ အဖြေရှာဖို့ ဖြစ်နိုင်ခြေတွေ ရှိနေပါသေးတယ်။ တကယ်တော့ ဒီလို ဖြေရှင်းတာကပဲ နှစ်နိုင်ငံစလုံးက ဒေသခံတွေ အိမ်ပြန်နိုင်ဖို့၊ နယ်ခြားဒေသ လုံခြုံဖို့အတွက် လုပ်ဆောင်ပေးနိုင်မှာပါ။ ဒီလို အဖြေရှာနိုင်အောင် ကျွန်တော်တို့ မနားမနေ ကြိုးပမ်းနေပါတယ်" လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုသွားတာပါ။

မနေ့က ပြောကြားတဲ့ မိန့်ခွန်းဟာ သမ္မတတာဝန်ထမ်းဆောင်စဉ် ကာလ Joe Biden နောက်ဆုံး ပြောကြားတဲ့ မိန့်ခွန်း ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ကျုးကျော်မှုတွေကို မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲ ဆန့်ကျင်ကြဖို့၊ ယူကရိန်း စစ်ပွဲကို ထောက်ခံဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို သမ္မတ ဘိုင်ဒန် တိုက်တွန်းပြောဆိုသွားပါတယ်။ တချိန်တည်းမှာ ကမ္ဘာတဝန်း ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါ ကူးစက်မှုတွေကို တိုက်ဖျက်ဖို့ ရွေးချယ် ဆုံးဖြတ်ရမယ့် အချိန်လို့လည်း သမ္မတ ဘိုင်ဒန် ပြောဆိုသွားပါတယ်။

တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်မှုမှာ တာဝန်သိသိ ယှဉ်ပြိုင်မှုဖြစ်ဖို့ လိုတယ်ဆိုတာကိုလည်း သမ္မတ ဘိုင်ဒန် ပြောဆိုသွားပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ကျွန်းတွေမှာ စစ်ရေးအရ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားမယ့် အကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။

Forum

XS
SM
MD
LG