သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်းတိုက်ခိုက်မှု လက်ဘနွန်မှာ သေဆုံးသူ ၅၅၈ ဦးအထိရှိလာ​​​​​​​

 အစ္စရေး လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လက်ဘနွန်ဘက်က ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ခုခံဖျက်စီးပစ်နေပုံ။ (စက်တင်ဘာ ၂၄၊ ၂၀၂၄)
အစ္စရေး လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ လက်ဘနွန်ဘက်က ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ခုခံဖျက်စီးပစ်နေပုံ။ (စက်တင်ဘာ ၂၄၊ ၂၀၂၄)

အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ဟက်ဇ်ဘိုလာစစ်သွေးကြွပစ်မှတ်တွေကို အင်္ဂါနေ့မှာ ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့်, တနင်္လာနေ့ကတည်းကဆိုရင်‌ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၅၈ ဦး အထိ ရှိသွားပြီး လူ ၁,၈၃၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နေရာပေါင်း ၁,၅၀၀ ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

သေဆုံးတဲ့အထဲ ကလေးငယ် ၅၀ နဲ့ အမျိုးသမီး ၉၄ ဦးထက်မနည်း ပါဝင်တယ်လို့ လက်ဘနွန်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးကိုတိုက်ခိုက်ရာမှာ ဟက်ဇ်ဘိုလာ ဒုံးကျည်စနစ်တွေကိုကြီးကြပ်ရတဲ့ ဟက်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Ibrahim Muhammad Qubaisi သေဆုံးတယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေးတိုက်ခိုက်မှုတွေမှာ သူတို့ ဝန်ထမ်းနှစ်ဦး သေဆုံးတာကြောင့် ဝမ်နည်း ဒေါသဖြစ်ရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီက ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေကတော့ အစ္စရေးတိုက်ခိုက်မှုကနေ ဘေးလွတ်ရာကို ထွက်ပြေးကြတာကြောင့် ဘေရွတ်ကနေ မြောက်ပိုင်းသွားတဲ့ လမ်းတွေပိတ်ဆို့ကုန်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံအဖွင့်ကုလ အတွင်းရေးမှူးချုပ် Antonio Guterres မိန့်ခွန်းထဲမှာတော့ လက်ဘနွန်နိုင်ငံဟာ အန္တရာယ်စွန်းကိုရောက်နေပြီလို့သတိပေးသလို လက်ဘနွန်ကို နောက်ထပ် ဂါဇာလို အဖြစ်ခံလို့မရဘူးလို့လည်း ပြောပါတယ်။

အစ္စရေးဟာ ဟက်ဇဘိုလာတို့ကို အာရုံထားနေချိန်မှာတော့ ဂါဇာက ဟာမတ်အပေါ် တိုက်ခိုက်မှုတွေ သိသိသာသာတော့လျော့ကျသွား ပါတယ်။ ဟာမတ်နဲ့ ဟက်ဇ်ဘိုလာ နှစ်ဖွဲ့စလုံးဟာ အီရန် ထောက်ပံ့တဲ့အုပ်စုတွေဖြစ်ပြီး အမေရိကန်နဲ့အနောက်နိုင်ငံအတော်များများက အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားတာပါ။

အစ္စရေးလေကြောင်းတိုက်ခိုက်မှု လက်ဘနွန်မှာ သေဆုံးသူ ၅၅၈ ဦးအထိရှိလာ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG