သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်ကို ဂါဇာလို ဖြစ်မလာစေဖို့ ကုလအကြီးအကဲ သတိပေး


ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres

အစ္စရေးနဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတွေကြား တွက်ချက်မှု တခုလေး လွဲသွားရုံနဲ့ စစ်ဘေး ကပ်ကြီး ဆိုက်ရောက်မယ့် အန္တရာယ် ရှိနေတာကြောင့် ၂ ဘက်စလုံး နောက်ဆုတ်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

ခပ်ရှင်းရှင်းပြောရရင် လက်ဘနွန်ကို ဂါဇာ နောက်တနေရာဖြစ်လာစေမယ့် အခြေနေမျိုး ဒေသတွင်း နေထိုင်သူတွေကရော တကမ္ဘာလုံးကပါ အဖြစ်မခံနိုင်ကြောင်း သောကြာနေ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ကုလသမဂ္ဂက စောင့်ကြည့်နေရတဲ့ အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်လိုင်းမှာ ၂ ဖက် နယ်စပ်ကျော်ဖြတ် ပစ်ခတ်မှုတွေဟာ မကြာခင် သီတင်းပတ်တွေအတွင်း ပိုများလာပြီး အစ္စရေးရဲ့ မြောက်ပိုင်းနယ်စပ်မှာပါ စစ်မက် ကျယ်ပြန့်လာမယ့် အနေအထား ရောက်နေပြီ ဖြစ်ပါတယ်။


နှစ်ဘက် ခေါင်းဆောင်တွေကလည်း အပြန်အလှန် တုံ့ပြန်ပြောဆိုရင်း အခြေအနေ ပိုတင်းမာလာနေတာပါ။ ဒီအခြေအနေကို နိုင်ငံတကာကနေ ဝိုင်းဝန်းပြီး လျော့ပါးအောင် လုပ်ဆောင်နိုင်သလို အသေအချာ ပြောဆိုကြဖို့လည်း လိုအပ်နေပြီဖြစ်လို့ ဒီပြဿနာအတွက် စစ်ရေးနဲ့ ဖြေရှင်းလို့ မရဘူးလို့လည်း ပြောပါတယ်။

တကယ်လို့ ဒီထက်အခြေအနေ ပိုတင်းမာလာမယ်ဆိုရင် နယ်စပ် တဘက်တချက်မှာ နေထိုင်တဲ့ ဒေသခံတွေ ဒုက္ခပိုရောက်လာနိုင်တဲ့အပြင် ဒေသတွင်း ကပ်ဘေးဆိုက်မယ့် အန္တရယ် ကြုံလာရနိုင်တယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံထဲ ဟားမတ်စ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ဂါဇာစစ်ပွဲ ဖြစ်ပေါ်လာပြီးနောက်ပိုင်း အစ္စရေးမြောက်ပိုင်းနဲ့ လက်ဘနွန်တောင်ပိုင်း ဒေသတွေမှာ နေထိုင်သူတွေ ဘေးလွတ်ရာ ထွက်ပြေး နေကြရတာ ဖြစ်ပါတယ်။

ဟက်ဇ်ဘိုလာတွေက သူတို့ရဲ့ မဟာမိတ် ဟားမတ်စ်တွေကို ထောက်ခံတဲ့အနေနဲ့ အစ္စရေး မြောက်ပိုင်းကို ရော့ကက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ နယ်စပ် တဖက်တချက်မှာ နေထိုင်သူ ၁ သိန်းလောက် အိုးအိမ် ပြောင်းရွှေ့ခဲ့ရ ပါတယ်။ ၂ ဘက် အပြန်အလှန် ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၄၀၀ ကျော်ရှိတယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်း Marjeyoun ဒေသက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် အစ္စရေးနပ်စပ်ဒေသမှာ မြင်နေရတဲ့ မီးခိုးလုံးများ။
လက်ဘနွန်တောင်ပိုင်း Marjeyoun ဒေသက ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် အစ္စရေးနပ်စပ်ဒေသမှာ မြင်နေရတဲ့ မီးခိုးလုံးများ။

အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်ဆိုင်းဖို့ အတွင်းရေးမှုးချုပ်က သတိပေးနေချိန်မှာပဲ အစ္စရေးမြောက်ပိုင်းမှာ ဟက်ဇ်ဘိုလာတွေ တိုက်ခိုက်မှုတွေ တိုးလာနေတာတွေ့ရကြောင်းနဲ့ ဒီအခြေအနေ လျော့ပါးစေဖို့ သံတမန်နည်းနဲ့ ဖြေရှင်းကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ပြောပါတယ်။

နိုင်ငံခြားရး ဝန်ကြီး Anthony Blinken နဲ့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့ဟာလည်း ကြာသပတေးနေ့က အစ္စရေး အမျိုးသားလုံခြုံရေးအကြံပေး Tzachi Hanegbi နဲ့ရော မဟာဗျူဟာရေးရာဝန်ကြီး Ron Dermer တို့နဲ့ပါ တွေ့ဆုံပြီး ဂါဇာအပစ်ရပ်ရေး၊ ဓါးစာခံတွေ ပြန်လွတ်ရေးနဲ့ လူသားစာနာမှု အကူညီပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

လက်ဘနွန်ကို ဂါဇာလို ဖြစ်မလာစေဖို့ ကုလအကြီးအကဲ သတိပေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG