သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေရွတ်မြို့ အမေရိကန်သံရုံးအနီး ပစ်ခတ်မှုဖြစ်ပွား


လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အမေရိကန်သံရုံး (ဇွန် ၅၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အမေရိကန်သံရုံး (ဇွန် ၅၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အမေရိကန်သံရုံးအနီး ပစ်ခတ်မှု ဖြစ်ခဲ့ပြီး၊ ဝန်ထမ်းတွေနဲ့ သံရုံးကတော့ လုံခြုံမှုရှိကြောင်း အမေရိကန်သံရုံးက ပြောပါတယ်။ လက်ဘနွန်စစ်တပ်ကတော့ သေနတ်သမားတယောက် သံရုံးကို ပစ်ခတ်ခဲ့တာကြောင့် လက်ဘနွန်တပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။

သေနတ်သမားဟာ ဆီးရီးယားနိုင်ငံသားဖြစ်ပြီး ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံပို့လိုက်ရတယ်လို့လည်း ပြောပါတယ်။ သံရုံးဝင်ပေါက်အနီး ဒီနေ့အစောပိုင်းက လက်နက်ငယ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း သံရုံးက သတင်းထုတ်ပြန်ခဲ့ပြီး ဝန်ထမ်းတွေနဲ့ အဆောက်အဦ လုံခြုံမှုရှိကြောင်း ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်မှာ အမေရိကန်သံအမတ် Lisa Johnson ဟာ လက်ဘနွန်နိုင်ငံ ပြင်ပကို ခရီးထွက်နေတယ်လို့လည်း သံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ သံရုံးလုံခြုံရေး အဖွဲ့ဝင်တယောက် အနည်းအကျဉ်း ဒဏ်ရာရခဲ့တယ်လို့လည်း နီးစပ်သူတွေကို ကိုးကားပြီး သတင်းက ဖော်ပြခဲ့ပါတယ်။ လက်ဘနွန် ယာယီဝန်ကြီးချုပ် နာဂျစ် မီကာတီ ကတော့ ကာကွယ်ရေး ဝန်ကြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အတူ အဆိုပါ ဖြစ်ရပ်ကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း သံရုံးအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ပါဘူး။
ဂါဇာစစ်ပွဲ အောက်တိုဘာလ စတင်ချိန်ကတည်းက လက်ဘနွန်မှာ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ တိုက်ခိုက်မှုတွေလည်း ပေါ်ပေါက်နေတာပါ။

Forum

XS
SM
MD
LG