သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး တူရကီ၊ ဆော်ဒီ၊ တရုတ်တို့နဲ့ ကန် နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး

 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အရှေ့အလယ်ပိုင်း ဒေသမှာ အကြမ်းဖက်မှုတွေ ထပ်တိုးမလာအောင် ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီ၊ ဆော်ဒီအာရေဗျ နဲ့ တရုတ်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဖုန်းဆက်သွယ် ပြောဆို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာရှိတဲ့ အီရန်သံရုံးကို မကြာခင် ရက်ပိုင်းကပဲ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ အီရန်ဘက်က လက်တုံ့ပြန်မှုတွေနဲ့ ပဋိပက္ခ ပိုပြင်းထန်လာပြီး အရှေ့အလယ်ပိုင်း စစ်မီး ပိုကျယ်ပြန့်လာမှာကို အမေရိကန်အပါအဝင် နိုင်ငံအတော်များများက စိုးရိမ်နေကြချိန်မှာ ဒီအရေးနဲ့ပတ်သက်ပြီး ဝန်ကြီး Blinken က တခြား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့တာလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ကြာသပတေးနေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ အရှေ့အလယ်ပိုင်း အရေးမှာ အမေရိကန်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တိုက်တွန်းတဲ့အကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီလ ၁ ရက်နေ့က Damascus မြို့မှာရှိတဲ့ အီရန် သံရုံး တိုက်ခိုက်ခံရပြီး အီရန်အကြီးတန်း တပ်မှူး ၃ ဦး အပါအဝင် စစ်ရေး အကြံပေး အရာရှိ ၇ ဦး သေဆုံးခဲ့တဲ့အပေါ် အစ္စရေးကို လက်တုံ့ပြန်သွားမယ်လို့ အီရန်ဘက်က ပြောဆိုထားသလို၊ အစ္စရေးကလည်း အဲ့ဒီလိုဖြစ်လာရင် ပြန်လည် တိုက်ခိုက်ဖို့ ပြင်ထားတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ လလောက် စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲတွေကြောင့် သေဆုံးသူ ၃၃,၀၀၀ ကျော်သွားပြီဖြစ်ပြီး လူ ၁ သန်းကျော် စာနာမှုအကူအညီတွေ အကြီးအကျယ် လိုအပ်နေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။

This item is part of

Forum

XS
SM
MD
LG