သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့အပစ်ရပ်ရေးသဘောတူဖို့ ဟာမတ်စ်ကို ကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးကို သွားရောက်လည်ပတ်ခဲ့တဲ့ မှတ်တမ်းပုံ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးကို သွားရောက်လည်ပတ်ခဲ့တဲ့ မှတ်တမ်းပုံ။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်ခံဖို့ အမေရိကန်က ဟာမတ်စ်အဖွဲ့ကို အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။

ဂါဇာမှာ ၆ ပတ် အပစ်ရပ်စဲပြီး၊ ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၀၀ ကျော်နဲ့ အစ္စရေးဖမ်းထားတဲ့ ပါလက်စတိုင်း အကျဥ်းသား ရာချီ လဲလှယ်ရေးပါဝင်တဲ့ အလွန်အလေးထားသင့်တဲ့ မူကြမ်းကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အကုန်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဟာမတ်စ်အဖွဲ့ကို ပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတင်းထောက်တွေကို ဝါရှင်တန်ဒီစီမှာ ပြောပါတယ်။

ဟာမတ်စ်ကသာ အရပ်သားတွေကြား ပုန်းမနေဘဲ လက်နက်ချခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ လအတော်ကြာကတည်းက စစ်ပွဲက ပြီးခဲ့မှာပါလို့ ဘလင်ကန်က ဆိုပါတယ်။ ရာဖာမြို့ကို ထိုးစစ်ဆင်ဖို့ ရက်သတ်မှတ်ပြီးပြီလို့ အစ္စရေး ဝန်ကြီးချုပ် နေသန်ယာဟုက တနင်္လာနေ့က ဆိုပေမဲ့ ရက်အတိအကျတော့ မပြောခဲ့ပါဘူး။

ပါလက်စတိုင်း ဒုက္ခသည်တွေ သန်းချီခိုလှုံနေတဲ့ ရာဖာမြို့ တိုက်ခိုက်မှာကို အမေရိကန်က ဆန့်ကျင်ထားတာပါ။ ဟာမတ်စ်ရဲ့ လက်ကျန်တပ်တွေကို တိုက်မယ့် တခြားနည်းလမ်းတွေ ဆွေးနွေးဖို့ အမေရိကန် တာဝန်ရှိသူတွေနဲ့ အစ္စရေးတာဝန်ရှိသူတွေ လာမယ့်အပတ်ထဲ တွေ့ဖို့ရှိတယ်လို့ ဘလင်ကန်က ပြောပါတယ်။ ဒီကြားထဲမှာတော့ ရာဖာကို အစ္စရေးက မတိုက်လောက်ဘူးလို့ ဘလင်ကန်က ယုံကြည်ပါတယ်။

Forum

XS
SM
MD
LG