သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအပေါ် ကုန်သွယ်ရေးပိတ်ဆို့ကြောင်း တူရကီကြေညာ


ပါလက်စတိုင်းတွေကိုအကူအညီပေးရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲများ တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ပြုလုပ်ခဲ့ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄)
ပါလက်စတိုင်းတွေကိုအကူအညီပေးရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲများ တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ပြုလုပ်ခဲ့ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄)

ဂါဇာဒေသမှာ အစ္စရေးက အပစ်အခတ်ရပ်စဲရေး မကြေညာမချင်း၊ တူရကီနိုင်ငံက အစ္စရေးနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်မယ်လို့ ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ကုန်သွယ်ရေးကန့်သတ်ချက်မှာ သံ၊ သံမဏိ၊ ဘိလပ်မြေ၊ လေယာဉ် လောင်စာဆီ၊ ဓာတ်မြေသြဇာအပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၅၄ မျိုးပါဝင်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကတဆင့် အကူအညီတွေပေးအပ်သွားမယ့် တူရကီရဲ့ တောင်းဆိုမှုကို အစ္စရေးဘက်က ကန့်ကွက်ပြီးနောက် တရက်အကြာမှာပဲ အခုလို ကုန်သွယ်ရေး ပိတ်ဆို့မှု ထွက်ပေါ်လာတာပါ။ ကုန်းလမ်းကြောင်းကတဆင့် အကူအညီတွေ ပေးပို့ရာမှာ အခက်အခဲတွေရှိနေတယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကပြောကြားခဲ့သလို၊ အကူအညီပေးပို့နိုင်မှုတွေလည်း လျော့ကျသွားရတာပါ။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz ကတော့ အစ္စရေးအနေနဲ့ တူရကီရဲ့ လုပ်ရပ်အပေါ် တုံ့ပြန်သွားဖို့ မရှိဘူးလို့ ပြောပါတယ်။ ဂါဇာဒေသက လူသတ်သမားတွေလို့ သုံးနှုန်းပြီး ဟာမတ်စ်တွေကို ထောက်ပံပေးဖို့ အတွက် တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန် ကသာ တူရကီပြည်သူတွေရဲ့ စီးပွားရေးအကျိုးကို နစ်နာအောင် လုပ်တာလို့ X လူမှုကွန်ယက်မှာ ပြောပါတယ်။

ဟာမတ်စ် စစ်သွေးကြွတွေကတော့ အမေရိကန်၊ အစ္စရေး၊ ဟားမတ်စ်နဲ့ ကာတာ အရာရှိတွေ ပါဝင်တဲ့ ကိုင်ရို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအပြီးမှာ ဂါဇာကမ်းမြောင်ရှိ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး နောက်ဆုံး အဆိုပြုချက်တွေကို ထည့်သွင်း စဉ်းစားနေပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ ကိုင်ရိုဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အစီရင်ခံစာကို လက်ခံရရှိခဲ့ကြောင်း တနင်္လာနေ့က ပြောပါတယ်။ ဒါ့အပြင် ဂါဇာမှာရှိတဲ့ ဟာမတ်စ်တွေကို အမြစ်ပြုတ်တိုက်မယ့် ရည်မှတ်ချက် ပြီးမြောက်အောင် လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရအမျိုးသမီးကတော့ အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေ့ကို ရှုတ်ချပြီး၊ Rafah စစ်ဆင်ရေးကို မထောက်ခံဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG