သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rafah စစ်ဆင်ရေးရက်သတ်မှတ်လိုက်ပြီလို့ အစ္စရေးဝန်ကြီးချုပ်ကြေညာ


Palestinians who had taken refuge in Rafah in leave the city to return to Khan Yunis after Israel pulled its ground forces out of the southern Gaza Strip, on April 7, 2024, six months into the devastating war sparked by the October 7 attacks.
Palestinians who had taken refuge in Rafah in leave the city to return to Khan Yunis after Israel pulled its ground forces out of the southern Gaza Strip, on April 7, 2024, six months into the devastating war sparked by the October 7 attacks.

ဂါဇာတောင်ပိုင်းက Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ ရက်သတ်မှတ်လိုက်ပြီလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတနင်္လာနေ့မှာ ပြောပါတယ်။ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ဆွေးနွေးပွဲမှာ အပစ်ရပ်ရေးနဲ့ ဓားစားခံတွေလွတ်ပေးရေး အကြံပြုချက်တွေကို အမေရိကန်ကိုယ်စားလှယ်တွေက ဟာမတ်စ်တို့လက်ထဲပေးအပ်ခဲ့တယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်ကပြောကြားထားပေမယ့် အစ္စရေးဝန်ကြီးချုပ် နေသန်ယာဟုကတော့ Rafah ကို ဝင်တိုက်မယ်လို့ ပြောဆိုလိုက်တာပါ။

ကိုင်ရိုဆွေးနွေးပွဲရဲ့ အသေးစိတ်အစီရင်ခံစာကို ဒီကနေ့ လက်ခံရရှိခဲ့တယ်လို့ အစ္စရေ‌ေခေါင်းဆောင်က ဂျေရုဆလင်မ်မြို့မှာ ပြောပါတယ်။အစ္စရေးရဲ့ ရည်မှန်းချက်တွေပြည့်မှီအောင် မရပ်မနားဆောင်ရွက်နေတာမှာ ဟာမတ်စ်တို့ကိုအမြစ်ပြတ်ခြေမှုန်းရေးနဲ့ ဓားစားခံတွေလွတ်ပေးရေးက အရေးအကြီးဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။ အဲဒီအောင်ပွဲရဖို့ Rafah ကိုဝင်ပြီး အဲဒီက အကြမ်းဖက်သမားတွေရဲ့ စခန်းကိုဖယ်ရှားပစ်မှဖြစ်မယ်၊ အဲဒီလိုဆောင်ရွက်ဖို့ ရက်သတ်မှတ်ပြီးပါပြီလို့ ဝန်ကြီးချုပ်နေသန်ယာဟု က ပြောဆိုသွားပါတယ်။

ဘယ်နေ့ဘယ်ရက်ဆိုတာကိုတော့ မပြောပါဘူး။ အ‌မေရိကန်ပြည်ထောင်စုကတော့ နေသန်ယာဟုရဲ့ ဒီ ပြောဆိုချက်အပေါ် ချက်ချင်းပြစ်တင်ရှုတ်ချခဲ့ပါတယ်။ Rafah ကိုဝင်တိုက်မယ့်ကိစ္စ အမေရိကန်က လုံးဝမထောက်ခံဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီလို့ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ကပြောဆိုပါတယ်။ ပါလက်စတိုင်း တသန်းကျော်လောက် Rafah မှာခိုလှုံနေတဲ့အတွက် လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ချက်တွေရှိနေကြသလို ယုံကြည်ရလောက်တဲ့ အသေးစိတ် စ်ဆင်ရေးအစီအစဥ်ကို မြင်ချင်ပါတယ်လို့လည်း ပင်တဂွန်ကပြောပါတယ်။ လက်ရှိချိန်ထိတော့ သူတို့ရဲ့ တရားဝင် စစ်ဆင်ရေး အစီအစဥ်ကို မတွေ့ရသေးဘူးလို့လည်း ပင်တဂွန်လက်ထောက်ပြောခွင့်ရ Sabrina Singh ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG