သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘူလာ တပ်မှူးတဦး သေဆုံး

ဟစ်ဇ်ဘူလာ တပ်ဖွဲ့ဝင်များ (ဧပြီ ၅၊ ၂၀၂၄)
ဟစ်ဇ်ဘူလာ တပ်ဖွဲ့ဝင်များ (ဧပြီ ၅၊ ၂၀၂၄)

လက်ဘနွန်တောင်ပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာ အစ္စရေးမြောက်ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ ဟစ်ဇ်ဘိုလာ တပ်မှူးတဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပဲ ပြောပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သေဆုံးသူဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ Radwan တပ်ဖွဲ့က တပ်မှူး Ali Ahmad Hassin ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ကတော့ အလားတူ နာမည်နဲ့ တိုက်ခိုက်ရေးသမားတဦး သေဆုံးကြောင်း ကြေညာခဲ့ပေမဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောပါဘူး။ အစ္စရေးစစ်တပ်ကတော့ တိုက်ခိုက်မှုအတွင်း နောက်ထပ် လူနှစ်ဦးပါ သေဆုံးခဲ့တယ်လို့ပြောပါတယ်။

အစ္စရေး တပ်ဖွဲ့တွေနဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေဟာ ဂါဇာကမ်းမြှောင်ရှိ ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေရဲ့ မဟာမိတ်ဖြစ်တဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား ခြောက်လကြာ စစ်ပွဲအတွင်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။ ဒီနေ့မှာပဲ ရော့ကတ်ဒုံးတွေ အများအပြား ပစ်ခတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်း Khan Younis ဒေသကို လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကလည်း Rafah ဒေသမှာ နောက်ထပ် စစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ အမေရိကန်၊ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေကတော့ Rafah မြို့ကို အစ္စရေးက ထိုးစစ်ဆင်မယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ အစ္စရေး တာဝန်ရှိသူတွေက အရပ်သားတွေကို အကာအကွယ် ပေးမယ်လို့ ကတိပြုထားပေမဲ့ အရပ်သားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ သွားနိုင်မယ့် နေရာနဲ့ ပတ်သက်တဲ့ အသေးစိတ် အစီအစဉ်ကိုတော့ ပြောထားတာ မရှိသေးပါဘူး။

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘူလာ တပ်မှူးတဦး သေဆုံး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG