သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်ကို အောင်ပွဲရဖို့နီးလာပြီလို့ အစ္စရေးဝန်ကြီးချုပ်ကြေညာ


CORRECTION Israel Palestinians Six Months of War
CORRECTION Israel Palestinians Six Months of War

အစ္စရေး-ဟာမတ်စ်စစ်ပွဲကာလ ၆ လရှိလာချိန် ဂါဇာတောင်ပိုင်းက သူ့တပ်ဖွဲ့တွေပြန်ရုပ်သိမ်းလိုက်တဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင်နာသန်ယာဟုက အောင်ပွဲရဖို့နီးလာပြီလို့ တနင်္ဂနွေနေ့မှာပြောပါတယ်။ ဂါဇာဒေသထဲက ကျန်တဲ့အပိုင်းတွေမှာတော့ အစ္စရေးတပ်ဖွဲ့ အများအပြားတပ်စွဲထားပါသေးတယ်။ အောင်ပွဲရဖို့ ခြေတလှမ်းလောက်သာလိုပါတော့တယ်လို့ မစ္စတာ နေသန်ယာဟုက သူ့ရဲ့ ကက်ဘိနက်အစိုးရအဖွဲ့ကိုပြောပါတယ်။ ဒါပေမယ့်လည်းပေးရမယ့်တန်ဖိုးက အတော်ကြီးမားလိမ့်မယ်လို့လည်းပြောပါတယ်။

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာကျင်းပတဲ့ အပစ်ရပ်ရေးဆွေးနွေးပွဲတွေ ပြန်စတင်လိုက်ပေမယ့်လည်း ဟာမတ်စ်တို့လက်ထဲက ဓားစာခံတွေ ပြန်မလွှတ်ပေးမချင်း အပစ်ရပ်ရေးဖြစ်လာမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် နေသန်ယာဟုက ပြောပါတယ်။ အောက်တိုဘာ ရ ရက်နေ့မှာ အစ္စရေးပြည်သူ ၁၂၀၀ လောက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအတွင်း ဓားစာခံ၂၅၀ လောက် ဟာမတ်စ်တို့ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီထဲက ဂါဇာမြေအောက် ဥမင်လှိုဏ်ခေါင်းတွေထဲ ဆက်ပြီးဖမ်းခံထားရတဲ့ ဓားစာခံအယောက် ၁၀၀ လောက် ရှိမယ်လို့ ယုံကြည်ရပါတယ်။

ဖေဖော်ဝါရီလလယ်လောက်ထိ ဟာမတ်စ်တို့ ပြန်လွှတ်ပေးခဲ့တဲ့ ဓားစာခံက ၁၁၂ ဦးရှိပါတယ်။ အများစုကတော့ နိုဝင်ဘာလအတွင်း သီတင်းတပတ်ကြာ အပစ်ရပ်ဆွေးနွေးမှုအတွင်း လွတ်မြောက်လာတာဖြစ်ပါတယ်။ ၆လရှိလာပြီဖြစ်တဲ့ စစ်ပွဲကာလအတွင်း ဓားစာခံ ၃၆ ယောက်လောက်သေဆုံးတာ၊ ဒါမှမဟုတ် ဟာမတ်စ်တို့သတ်ဖြတ်တာခံခဲ့ရတယ်လို့လည်း ယုံကြည်ယူဆထားကြပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ အစ္စရေးရဲ့တန်ပြန်ထိုးစစ်ဆင်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်အများစု အပါအဝင်လူပေါင်း ၃ သောင်း ၃ ထောင်ကျော်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။အစ္စရေးစစ်ဖက်ကတော့ အဲဒီစာရင်းထဲမှာ သူတို့သတ်ဖြတ်ခဲ့တဲ့ ဟာမတ်စ်တပ်ဖွဲ့ဝင် ထောင်နဲ့ချီပါဝင်တယ်လို့ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG