သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden နှင့် အစ္စရေးဝန်ကြီးချုပ် တယ်လီဖုန်းနှင့် ဆွေးနွေး

သမ္မတအိမ်ဖြူတော်ဝန်းအတွင်း တယ်လီဖုန်းပြောနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ် (မေ ၁၊ ၂၀၂၃)
သမ္မတအိမ်ဖြူတော်ဝန်းအတွင်း တယ်လီဖုန်းပြောနေတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုတွေ့ရစဉ် (မေ ၁၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသမှာ Hamas စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးအတွင်း အပြစ်မဲ့သူတွေ သေကျေနေတဲ့အပေါ် အမေရကန်ရဲ့ စိုးရိမ်မှု ကြီးထွားလာနေချိန်မှာ အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ ဒီနေ့ကြာသပတေးနေ့မှာ ဆက်သွယ်စကားပြောဖို့ ရှိနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသထဲက ပါလက်စတိုင်းပြည်သူတွေအတွက် အစားအသောက်အကူအညီတွေသွားပေးတဲ့ နိုင်ငံစုံက ပရဟိတကူညီသူတွေ အစ္စရေးစစ်တပ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးနောက်မှာ ပထမဆုံး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် World Central Kitchen အဖွဲ့က အမေရိကန်နိုင်ငံသားတယောက်အပါအဝင် ၇ ယောက် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် အင်မတန်ဒေါသထွက်ရပြီး ဝမ်းနည်းကြေကွဲရတယ်လို့ သမ္မတ Biden ကဖော်ပြပြောဆိုခဲ့ပါတယ်။

အမေရိကန်၊ ကနေဒါ၊ Australia၊ ဗြိတိန်၊ ပိုလန်နဲ့ ပါလက်စတိုင်း ပရဟိတကူညီသူတွေပါလာတဲ့ယာဉ်ကို အစ္စရေးတို့ တမင်တိုက်ခိုက်တာလို့ World Central Kitchen အဖွဲ့တည်ထောင်သူ José Andrés က အပြစ်တင်ပါတယ်။ ဒါဟာ ကံဆိုးတဲ့ အမှားမဟုတ်ဘူးလို့ အစ္စရေးက Keshet 12 သတင်းဌာနနဲ့ မေးမြန်းခန်းမှာ José Andrés ကဖော်ပြပြောကြားခဲ့ပါတယ်။

ပရဟိတယာဉ်ကို ပစ်ခတ်မိတာ ကြီးမားတဲ့ အမှားဖြစ်ပြီး လူသားချင်းစာနာ ကူညီနေသူတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ အစ္စရေးစစ်တပ်က ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။ World Central Kitchen အဖွဲ့ကတော့ အစ္စရေးတိုက်ခိုက်မှုအတွက် ဘက်မလိုက်စုံစမ်းမှုတွေ လုပ်ဖို့ တောင်းဆိုထားပါတယ်။ သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သူတို့နိုင်ငံသားတွေ သေဆုံးခဲ့တဲ့ နိုင်ငံတွေ စုပေါင်း တိုက်တွန်းအောင် တောင်းဆိုထားတယ်လို့ World Central Kitchen အဖွဲ့က ဒီနေ့ April ၄ ရက် ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

သမ္မတ Biden နှင့် အစ္စရေးဝန်ကြီးချုပ် တယ်လီဖုန်းနှင့် ဆွေးနွေး
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG