သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားက အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလေကြောင်းတိုက်ခိုက်


Emergency services work at a destroyed building hit by an airstrike in Damascus, Syria, April 1, 2024.
Emergency services work at a destroyed building hit by an airstrike in Damascus, Syria, April 1, 2024.

ဆီးရီးယားမြို့တော်၊ ဒမတ်စကတ်က အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းကနေ တနင်္လာနေ့က တိုက်ခိုက်ခဲ့တာကြောင့် အီရန်အကြီးတန်းတပ်မှူးတဦးအပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း ဆီးရီးယားနဲ့ အီရန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီတိုက်ခိုက်မှုဟာ အီရန်စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်မှုတိုးမြင့်လာတဲ့သဘောဆောင်ပေမယ့် ဒမတ်စကတ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ အစ္စရေးက မှတ်ချက်ပေးဖို့ငြင်းဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် အီရန်စစ်ဖက်အကြံပေး ဗိုလ်ချုပ်ကြီး Ali Reza Zahdi သေဆုံးသွားတယ်လို့ အာရပ်ဘာသာနဲ့ထုတ်လွှင့်တဲ့ အီရန် အစိုးရရဲ့ Al-Mayadeen သတင်းဌာန ကပြောပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုကို ဆီးရီးယားဆိုင်ရာ အီရန်သံအမတ် Hossein Akbari က ပြစ်တင်ရှုတ်ချပြီး အလားတူ လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ကြုံးဝါးပါတယ်။ ရှာဖွေကယ်ဆယ်ရေးသမားတွေက အပျက်အစီးပုံတွေအောက် ဆက်လက်ရှာဖွေနေကြပေမယ့်၊ လက်ရှိသေဆုံးသူ လူ ၇ ဦးထက်မနည်းရှိတယ်လို့လည်း သံအမတ် Akbari ကပြောပါတယ်။

ဆီးရီးယားနိုင်ငံထဲက အစိုးရထိန်းချုပ်ထားတဲ့ဒေသတွေကို ပစ်မှတ်ထားပြီး အစ္စရေးက အခုနှစ်ပိုင်းတွေမှာ အကြိမ်ပေါင်း ရာနဲ့ချီ လေကြောင်းကနေတိုက်ခိုက်နေတာပါ။ ဂါဇာဒေသမှာ ၆ လနီးပါးကြာ အစ္စရေး-ဟာမတ်စ်စစ်ပွဲအတွင်း တိုက်ခိုက်မှုတွေတိုးလာသလို၊ လက်ဘနွန်-အစ္စရေးနယ်စပ်တစ်လျှောက်မှာလည်း အစ္စရေးစစ်တပ်နဲ့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများကြား မကြာခဏဆိုသလို ထိပ်တိုက်တွေ့မှုတွေလည်း ပေါ်ပေါက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG