သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်မှာ အစ္စရေး-ဟာမတ်စ် ဆွေးနွေးပွဲ ပြန်လည်စတင်


အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြား ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဒီနေ့ ဆက်ပြီးဆွေးနွေးသွားမှာ ဖြစ်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး အီဂျစ်နိုင်ငံရဲ့ Al Qahera သတင်းဌာနက မနေ့က ပြောလိုက်ပါတယ်။

အစ္စရေးကတော့ သူတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ဒီနေ့မှာ စေလွှတ်မှာ ဖြစ်တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဟာမတ်စ်ဘက်ကတော့ သူတို့အနေနဲ့ အစ္စရေးလ်နဲ့ အီဂျစ် ကြားဝင်စေ့စပ်ဆွေးနွေးသူတွေရဲ့ ဆွေးနွေးမှုကနေ ဘာရလာဒ် အရင်ထွက်လာမလဲဆိုတာကို စောင့်ကြည့်သွားမယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်ကြားမှာ အစ္စရေးဘက်က ထိုးစစ်တွေ သီတင်းပတ် ၆ ပတ်ကြာ ရပ်ဆိုင်းဖို့ နဲ့ အပြန်အလှန်အားဖြင့် ဂါဇာမှာ ဟာမတ်စ်က ဖမ်းထားတဲ့ ဓါးစားခံ ၁၃၀ ထဲက ၄၀ ကို လွှတ်ပေးဖို့အတွက် စေ့စပ်ဆွေးနွေးမှုတွေကို အီဂျစ်နဲ့ ကာတာနိုင်ငံတွေက ကြားဝင်ဆောင်ရွက် ပေးနေတာ ဖြစ်ပါတယ်။

ဟာမတ်စ်ဘက်ကတော့ စစ်ပွဲရပ်ဖို့နဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ ပြန်ရုတ်သိမ်းဖို့အတွက် သဘောတူညီချက်တရပ် ရဖို့အတွက် ကြိုးပမ်းနေပြီး၊ အစ္စရေးဘက်ကတော့ ဒါကို လက်မခံဘဲ ပယ်ချထားပြီး ဟာမတ်စ်အဖွဲ့ရဲ့ အုပ်ချုပ်မှု နဲ့ စစ်ရေးအရ စွမ်းဆောင်ရည်တွေကို ဖြိုဖျက်နိုင်အောင် ဆက်လုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် ဟာမတ်စ်ဘက်က ဂါဇာစီးတီးကနေ တောင်ဘက်ကို ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေကို မြောက်ပိုင်းကို ပြန်လာခွင့်ပေးဖို့ လိုချင်ပြီး၊ အစ္စရေးကတော့ တချို့လူတွေ ပြန်လာဖို့ကိစ္စကို ဆွေးနွေးဖို့အတွက် လမ်းဖွင့်ထားတယ်လို့ အစ္စရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

Forum

XS
SM
MD
LG