သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ Shifa ဆေးရုံအနီး တိုက်ပွဲပြင်းထန်


ဂါဇာ Al Shifa ဆေးရုံအနီးဝန်းကျင်ကနေထွက်လာနေတဲ့ မီးခိုးလုံးတွေ (မတ် ၂၁၊ ၂၀၂၄)
ဂါဇာ Al Shifa ဆေးရုံအနီးဝန်းကျင်ကနေထွက်လာနေတဲ့ မီးခိုးလုံးတွေ (မတ် ၂၁၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသထဲက ဂါဇာမြို့မှာရှိတဲ့ Shifa ဆေးရုံတဝိုက် အစ္စရေးစစ်တပ်နဲ့ Hamas စစ်သွေးကြွတွေ တိုက်ပွဲဖြစ်နေပြီး တောင်ပိုင်းမှာရှိတဲ့ Khan Younis မြို့မှာလည်း အစ္စရေးစစ်တပ်က စစ်ဆင်ရေးလုပ်နေပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွတို့ကြားဖြစ်နေတဲ့ တိုက်ပွဲကြောင့် ၅ လ ကျော် အတွင်း သေဆုံးသူ ၃‌ သောင်း ၂ ထောင်ကျော်သွားပြီလို့ ဂါဇာဒေသထဲက ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ပြောကြားပါတယ်။

ဂါဇာတောင်ပိုင်းက Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်မယ့် အစ္စရေးရဲ့ ဗျူဟာတွေကို အမေရိကန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ်လို့ အစ္စရေးက ဗုဒ္ဓဟူးနေ့မှာ ပြန်ပြီး ပြောကြားခဲ့ပါတယ်။ ဂါဇာမှာ အပစ်အခတ်ချက်ချင်းရပ်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့ပြီးနောက် ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ့်အစီအစဉ်ကို အစ္စရေးက တနင်္လာနေ့က ဖျက်ခဲ့တာပါ။

လုံခြုံရေးကောင်စီမှာ မဲခွဲစဉ် အမေရိကန်က ဗီတိုသုံး မပယ်ချဘဲ မဲမပေးခဲ့တဲ့အပေါ် အစ္စရေးဝန်ကြီးချုပ်က မကျေနပ်ဘဲ ဖျက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကတော့ ဝါရှင်တန်မြို့တော်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ Rafah မြို့ကို အစ္စရေးစစ်တပ်တွေ ဝင်တိုက်မယ့် ကိစ္စကို အမေရိကန်က ကန့်ကွက်တယ်လို့ ပြောကြားထားပါတယ်။ အဲဒီမှာ ဂါဇာဒေသတဝန်းက ပါလက်စတိုင်း ဒုက္ခသည် ၁ သန်းကျော် ဖြစ်သလို ခိုလှုံနေကြရတာကြောင့် အစ္စရေးတို့ မြေပြင်ထိုးစစ်ဆင်မယ့် အစီအစဉ်ကို မလုပ်ဖို့ အမေရိကန်အစိုးရက ပြောကြားနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG