သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် ရေကြောင်းကနေ အကူအညီရောက်ရှိ


ဂါဇာအတွက် အမေရိကန် ပရဟိတအဖွဲ့ World Central Kitchen ရဲ့ အကူအညီများ
ဂါဇာအတွက် အမေရိကန် ပရဟိတအဖွဲ့ World Central Kitchen ရဲ့ အကူအညီများ

ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန်ပရဟိတအဖွဲ့တခုက ပေးတဲ့ အကူအညီတွေအားလုံးကို ကမ်းချပြီးသွားပြီလို့ အစ္စရေးစစ်တပ်နဲ့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

အစားအသောက် ဆေးဝါးတွေပါဝင်တဲ့ လူသားချင်းစာနာတဲ့အကူအညီ မက်ထရစ်တန်ချိန် ၂၀၀ ကျော်ကို အမေရိကန် နာမည်ကြီး စာဖိုမှူးကြီး José Andrés တည်ထောင်ထားတဲ့ World Central Kitchen ပရဟိတအဖွဲ့က ပေးပို့ခဲ့တာပါ။ ဒီအကူအညီတွေတင်ဆောင်ထားတဲ့ ဝမ်းပြားရေယာဉ်ကို စပိန်က Open Arms ပရဟိတအဖွဲ့က Cyprus ကျွန်းနိုင်ငံကနေ ဆွဲလာပေးတာဖြစ်ပါတယ်။

အကူအညီတွေ ဖြန့်ဝေပေးဖို့ အသင့်အနေအထားလောက် ဖြစ်နေပြီလို့ World Central Kitchen အဖွဲ့ကလည်း ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။

အစ္စရေးပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ဒေသထဲကို လူသားချင်းစာနာတဲ့ အကူအညီတွေ ရေလမ်းကြောင်းတခု ပို့ပေးနိုင်ဖို့ အမေရိကန်အပါအဝင် ကြိုးစားနေချိန်မှာ အခုလို ဂါဇာအတွက် အကူအညီတွေ ပထမဆုံး ရေကြောင်းကနေ ရောက်လာတာဖြစ်ပါတယ်။ သောကြာနေ့က သင်္ဘောကမ်း ကပ်နိုင်ခဲ့ပြီး လောလောလတ်လတ် တည်ဆောက်ထားတဲ့ ယာယီဆိပ်ခံတံတားကနေ ပါလာတဲ့ ပစ္စည်းတွေကို ကုန်တင်ကား ၁၂ စီးပေါ် ရွှေ့ပြောင်း သယ်ယူခဲ့ပြီးပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာမှာ စစ်ပွဲတွေကြောင့် လူ ၆ သိန်းနီးပါး အငတ်ဘေး ကြုံနေရပြီး ဂါဇာ လူဦးရေ ၂.၃ လုံး အစားအစာ မလုံလောက်မှုနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဂါဇာကမ်းလွန်မှာ ယာယီဆိပ်ကမ်း တည်ဆောက်ဖို့ အမေရိကန်စစ်တပ်က စစ်မှုထမ်းတွေပါဝင်တဲ့ ရေတပ်သင်္ဘောတစီး စေလွှတ်ထားပါတယ်။ ယာယီဆိပ်ကမ်း ဆောက်လုပ်ပြီးစီးဖို့ ရက်ပေါင်း ၆၀ လောက်ကြာနိုင်ပြီး အမေရိကန်စစ်မှုထမ်း ၁၀၀၀ ကျော် လိုအပ်နိုင်တယ်လို့ Pentagon စစ်ဌာနချုပ်က ပြောကြားထားပါတယ်။

Forum

XS
SM
MD
LG