သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် Rafah မြို့သွားရောက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဂါဇာနယ်စပ် အီဂျစ်နိုင်ငံ ရောက်ရှိ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဂါဇာနယ်စပ် အီဂျစ်နိုင်ငံ ရောက်ရှိ

ဟာမတ်အဖွဲ့ကို ချေမှုန်းဖို့ ဂါဇာဒေသရဲ့ လူဦးရေထူထပ်တဲ့ Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်သွားမယ်လို့ အစ္စရေးက ပြောဆိုပြီး မကြာခင်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ဂါဇာနဲ့ နယ်စပ် အီဂျစ်နိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။

ဒီခရီးစဥ် အတွင်းမှာတော့ နိုင်ငံတကာက ဆက်တိုက်ဖိအားပေး ပြောဆိုနေတဲ့ လူသာချင်းစာနာ ထောက်ထားမှု အပစ်အခတ် ရပ်စဲရေးကိုပဲ ထပ်မံတိုက်တွန်းသွားဖို့ ရှိပါတယ်။ အပစ်ရပ်ရေး ဖိအားပေး တောင်းဆိုနေတဲ့ကြားမှာကိုပဲ အစ္စရေးက ဂါဇာရဲ့ လူဦးရေအများဆုံး ရှိတဲ့ Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်မှုတွေ အကြီးအကျယ် လုပ်သွားဖို့ ပြင်နေတာပါ။

ဒီစစ်ဆင်မှုမျိုးက အရပ်သားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေကြေ ရနိုင်သလို၊ ဒေသတွင်း လူသားဘေးဒုက္ခ အကျပ်အတည်း ပိုမို ဆိုးရွားလာနိုင်တယ်လို့ ဝိုင်းဝန်းသတိပေးနေကြပေမဲ့လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ပြင်ဆင်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ဒါကို ထောက်ခံအားပေးဖို့ မျှော်လင့်ပေမဲ့၊ တကယ်လို့ ထောက်ခံမှု မရရင်လည်း သူကတော့ ဆက်လုပ်သွားမယ်ပဲလို့လည်း အစ္စရေးဝန်ကြီးချုပ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ သောကြာနေ့က တွေ့ဆုံချိန် ပြောဆိုပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန် ကမကထပြု ရေးဆွဲတဲ့ ဂါဇာအရေး ဆုံးဖြတ်ချက်မူကြမ်းကို အမြဲတမ်းအဖွဲ့ဝင် ရုရှားနဲ့ တရုတ်က သောကြာနေ့က ကန့်ကွက်ခဲ့ပါတယ်။ ဂါဇာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ အရေးကြီးကြောင်း ဖော်ပြထားတဲ့ ဒီမူကြမ်းထဲမှာ ဟာမတ်စ်အဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ဝေဖန်ထားတဲ့အပေါ် ရုရှားနဲ့ တရုတ်က လက်မခံပယ်ချခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG