သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို ဗြိတိန် စားနပ်ရိက္ခာ ထပ်ပို့ပေးမည်


ဂါဇာဒေသကို လေကြောင်းက စားနပ်ရိက္ခာ အကူအညီတွေချပေးနေစဉ် (မတ် ၂၀၊ ၂၀၂၄)
ဂါဇာဒေသကို လေကြောင်းက စားနပ်ရိက္ခာ အကူအညီတွေချပေးနေစဉ် (မတ် ၂၀၊ ၂၀၂၄)

ဂါဇာကမ်းမြှောင်ဒေသကို ရိက္ခာအကူအညီသစ်တွေ ပေးပို့မယ်လို့ ဗြိတိန်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ဂါဇာမှာ လူသားချင်းစာနာမှုအကူအညီနဲ့ အပစ်အခတ်ရပ်စဲရေးအသစ်ကို တိုးမြှင့်ဖို့အတွက် အမေရိကန်က တာဝန်ရှိသူတွေနဲ့ အစ္စရေးဘက်က အရာရှိတွေ ရှေ့လာမယ့် သီတင်းပတ်ထဲမှာ ဆွေးနွေးမှု မတိုင်ခင်မှာပဲ ဗြိတိန်က ခုလိုကြေညာလိုက်တာပါ။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖြစ် ဂျော်ဒန်နိုင်ငံရဲ့ အကူအညီနဲ့ ဗြိတိန်နိုင်ငံက ရိက္ခာတန်ချိန် ၂ ထောင်ကျော်ကို ပို့ဆောင်ပေးလိုက်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းကလည်း ဂါဇာမှာဖြစ်နေတဲ့ ဒုက္ခဆင်းရဲတွေ အဆုံးသတ်ဖို့အတွက်ဆိုရင် ဂါဇာကမ်းမြောင်ကို ရွေ့လျားနေတဲ့ အကူအညီတွေ စီးဆင်းတာကို ဆက်လက်ထိန်းသိမ်းထားဖို့ WFP က ပေးပို့တဲ့အကူအညီတွေက အလွန်အရေးကြီးတယ်လို့ ပြောပါတယ်။

ဂါဇာမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ခုဆိုရင် ပါလက်စတိုင်း ၃၂,၀၀၀ နီးပါး သေဆုံးခဲ့ပြီး၊ သုံးပုံနှစ်ပုံမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဂါဇာကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဟားမတ်စ်တိုက်ခိုက်ရေးသမား ထောင်ပေါင်း များစွာကို သုတ်သင်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG