သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အကူအညီပေးရေးစစ်တပ်ဆိပ်ကမ်းထားဖို့ ကန်စီစဉ်


လူသားချင်းစာနာမှုအကူအညီတွေယူဆောင်လာကြတဲ့ ပါလက်စတိုင်းဒေသခံများ (မတ် ၆၊ ၂၀၂၄)
လူသားချင်းစာနာမှုအကူအညီတွေယူဆောင်လာကြတဲ့ ပါလက်စတိုင်းဒေသခံများ (မတ် ၆၊ ၂၀၂၄)

ဒေသခံတွေလိုအပ်တဲ့ အကူအညီတွေပေးနိုင်အောင် ဂါဇာမှာ အမေရိကန်စစ်တပ် ဆိပ်ကမ်း တည်ဆောက်ဖို့ သမ္မတဂျိုးဘိုင်ဒန်က စီစဉ်နေပါတယ်။ ကြာသပတေး ညဘက်ပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတက ကြေညာဖို့ရှိပြီး ဟာမတ်စ် စစ်သွေးကြွတွေကို အစ္စရေးတပ်တွေ တိုက်ခိုက်နေတာကြောင့် ဒုက္ခတွေ့နေရတဲ့ ပါလက်စတိုင်းတွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ အကူအညီတွေ ပေးပို့နိုင်အောင် ဆိပ်ကမ်းတခုတည်ဆောက်ဖို့ အမေရိကန်စစ်တပ်ကို ညွှန်ကြားမှာဖြစ်ပါတယ်။

ဒီဆိပ်ကမ်းဟာ ယာယီဆိပ်ခံတံတား တခုဖြစ်ပြီး နေ့စဉ်ရာနဲ့ချီတဲ့ အထောက်ကူပစ္စည်းတင် ထရပ်ကား ရာပေါင်းများစွာ ဝင်ထွက်နိုင်တဲ့ နေရာဖြစ်လာမှာပါ။ ကနဦးတင်ပို့တဲ့ အထောက်ကူပစ္စည်းတွေဟာ အမေရိကန်စစ်တပ် အပြင် လက်တွဲဆောင်ရွက်နေတဲ့ မဟာမိတ်တွေရဲ့ အကူအညီနဲ့ ဆိုက်ပရပ်စ်ကျွန်း ကနေ တဆင့် ဝင်လာမှာဖြစ်ကြောင်း အကြီးတန်း အမေရိကန်အရာရှိတဦးက ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

မြေပြင်က လုံခြုံရေး လိုအပ်ချက်တွေ အတွက် အစ္စရေးတွေနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်သလို ဂါဇာမှာ ပစ္စည်းဝေငှ ရေးအတွက် ကုလသမဂ္ဂနဲ့လူသားစာနာမှုဆိုင်ရာ NGO အဖွဲ့တွေနဲ့လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။ ဒီလို စီစဉ်ဖို့နဲ့ အကောင်ထည်ဖေါ်ဖို့ သီတင်းပတ်အတော်ကြာ ဦးမှာဖြစ်ပေမယ့် ဒီကိစ္စပြီးမြောက်အောင် လုပ်ဆောင်မယ့် သူတွေဂါဇာမှာ ရောက်နေတာ ဒါမှမဟုတ် မကြာခင် သွားကြတော့မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဂါဇာမှာ အစ္စရေးတွေ ပစ်ခတ်မှုကြောင့် အထောက်ကူပစ္စည်း ယူဖို့ စောင့်နေတဲ့ ပါလက်စတိုင်းသား ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နောက်ပိုင်း ပြီးခဲ့တဲ့ အပတ်မှာ သမ္မတဘိုင်ဒန်က ရဟတ်ယာဉ်နဲ့ ပစ္စည်းတွေ ပေးဖို့ စီစဉ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG