သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလုံခြုံရေးအတွက် ကန်ဒုသမ္မတ ထပ်လောင်းကတိပြု


အစ္စရေး-ဟာမတ်စ်အကြမ်းဖက်အဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေစဉ်နေမှာပဲ ဂါဇာကမ်းမြောင်ထဲ စစ်လေယာဉ်ကတဆင့်ချပေးခဲ့တဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီများ (မတ် ၅၊ ၂၀၂၄)
အစ္စရေး-ဟာမတ်စ်အကြမ်းဖက်အဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားနေစဉ်နေမှာပဲ ဂါဇာကမ်းမြောင်ထဲ စစ်လေယာဉ်ကတဆင့်ချပေးခဲ့တဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီများ (မတ် ၅၊ ၂၀၂၄)

အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတွေ အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ အမေရိကန်က တွန်းအားပေးနေတဲ့ တချိန်တည်းမှာ ဂါဇာဒေသမှာ ဆေးဝါးကုသရေးနဲ့ အကူအညီတွေပေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ အပြင်းအထန် ကြုးပမ်းနေပါတယ်။ ဂါဇာမြောက်ပိုင်း သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေ အတိဒုက္ခရောက်နေတဲ့ နေရာတွေမှာ လေကြောင်းကနေ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေကို အမေရိကန်ပြည်ထောင်စုက ဂျော်ဒန်လေတပ်နဲ့အတူ ပြီးခဲ့တဲ့ ရက်ပိုင်းက ချပေးခဲ့ပါတယ်။

အမေရိကန် ဒုသမ္မတ Kamala Harris ကတော့ အစ္စရေး စစ်ဘက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တဦးဖြစ်တဲ့ Benny Gantz နဲ့ မနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ အစ္စရေးနိုင်ငံ လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုဘက်က မယိမ်းမယိုင် ထောက်ခံသွားမယ့်အကြောင်း ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို အသိအမှတ်ပြုတဲ့ တချိန်တည်းမှာ ဂါဇာဒေသ သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အမေရိကန် ဒုသမ္မတ Kamala Harris က တိုက်တွန်းနေပြီး ဟာမတ်စ် စစ်သွေးကြွတွေဘက်ကလည်း ဖမ်းထားတဲ့ ဓါးစာခံတွေကို လွှတ်ပေးဖို့နဲ့ အစ္စရေးဘက်က တောင်းဆိုချက်တွေကို လိုက်လျော သဘောတူဖို့ ဒုသမ္မတ Kamala Harris က တိုက်တွန်းနေပါတယ်။ ဟာမတ်စစ်သွေးကြွတွေရဲ့ အစ္စရေးနိုင်ငံထဲ ဝင်ရောက်တိုက်ခိုက်ပြီး လူတွေကို ဓါးစာခံဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချကြောင်းလည်း ဒုသမ္မတ Kamala Harris က ပြောဆိုပါတယ်။

အစ္စရေးလုံခြုံရေးအတွက် ကန်ဒုသမ္မတ ထပ်လောင်းကတိပြု
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG