သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ စစ်ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ဖို့ ကုလလူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း


လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Turk
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Turk

အစ္စရေး-ဟာမတ်စ် စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေကို နှစ်ဘက်စလုံးက ကျူးလွန်နေကြကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Volker Turk က ဒီကနေ့ ပြောကြားလိုက်ပြီး အဲဒီလို ကျူးလွန်သူတွေကို အရေးယူနိုင်ရေးအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။​ စစ်ရာဇဝတ်မှုနဲ့ တခြား နိုင်ငံတကာ ဥပဒေတွေ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို နှစ်ဘက်စလုံးက ကျူးလွန်နေကြတယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးက ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောကြားလိုက်တာပါ။

စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုတွေကို အစ္စရေးစစ်တပ်က အတော်များများ ကျူးလွန်ခဲ့တယ်လို့ ဂါဇာနဲ့ အနောက်ဘက်ကမ်းမြောင် ဒေသတို့က လူ့အခွင့်အရေးအခြေအနေတွေအကြောင်း အစီရင်ခံစာတင်သွင်းစဉ် လူ့အခွင့်အရေးမဟာမင်းကြီးက ထည့်သွင်း ပြောကြားခဲ့တာပါ။ အစ္စရေးစစ်တပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး ပစ်မှတ်တွေကို ဆင်ခြင်တုန်တရားမဲ့စွာ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။​ အစ္စရေးကတော့ သူတို့အနေနဲ့ အရပ်သားတွေ ထိခိုက် သေဆုံးမှုနည်းနိုင်သမျှနည်းအောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။​

ပြီးခဲ့တဲ့ လအတွင်းမှာလည်း အစ္စရေးအနေနဲ့ ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ဖြစ်ရပ်မျိုးမဖြစ်အောင်နဲ့ အရပ်သားတွေကို တတ်နိုင်သလောက် ကာကွယ် စောင့်ရှောက်ပေးဖို့ ရှောင်ရှားဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICJ) အမိန့်ထုတ်ပြန်ခဲ့ပါတယ်။​ ဒါပေမယ့် နှစ်ဘက် အပစ်ရပ်ကြဖို့ကိုတော့ ICJ ရဲ့ စီရင်ချက်မှာ ထည့်သွင်းထားခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG