သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါး


ဂါဇာကမ်းမြောင်ဒေသ ရာဖာမြို့က ဗလီနဲ့ လူနေအဆောက်အဦးတွေ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးပြိုကျနေတဲ့မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသ ရာဖာမြို့က ဗလီနဲ့ လူနေအဆောက်အဦးတွေ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးပြိုကျနေတဲ့မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၂၄)

ဂါဇာဒေသမှာ ဆက်လက်တိုက်ပွဲတွေဖြစ်နေပြီး ပြီးခဲ့တဲ့အင်္ဂါအနေ့ကအထိ ပေါက်ကွဲမှုတွေနဲ့ မီးခိုးလုံးတွေထွက်ပေါ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့နဲ့အင်္ဂါအနေ့တွေမှာ နောက်ထပ်အနည်းဆုံးလူ ၁၀၀ လောက်သေဆုံးခဲ့ပြီး ၁၅၀ လောက်ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်ကစလို့ အစ္စရေးရဲ့လက်တုံ့ပြန်ထိုးစစ်ကြောင့် ဂါဇာဒေသတွင်း သေဆုံးသူ ၂၉,၈၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးမိခင်တွေအပါအဝင် လူနာ စုစုပေါင်း ၂၄ ယောက်ကို ခန်ယူနစ်မြို့မှာရှိတဲ့ဆေးရုံကနေ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု UNOCHA ရုံးပြောရေး ဆိုခွင့်ရှိသူ Jens Laerke အင်္ဂါနေ့ကပြောပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ဆေးရုံကလူနာတွေကို အီဂျစ်ဘက်ကိုပို့ဖို့နဲ့ ရာဖာဒေသတွင်းက ဆေးရုံတွေအတွက် ပစ္စည်းတွေပေးပို့ဖို့ကို အစ္စရေးတပ်တွေက တားဆီးထားခဲ့တဲ့အတွက် နာရီပေါင်းများစွာကြန့်ကြာခဲ့ရတယ်လို့ ကုလသမဂ္ဂတာဝန်ရှိသူကပြောပါတယ်။

အင်္ဂါနေ့တုန်းကတော့ ဂါဇာဘက်ကလာတဲ့ ရော့ကက်တွေကို အစ္စရေးက ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်ကပြောပါတယ်။ အစ္စရေးက ဒုက္ခသည်တွေခိုအောင်းနေတဲ့ ရာဖာမြို့ကို အင်အားပြည့်စစ်ဆင်ခဲ့ရင်တော့ ဒါဟာ ဂါဇာကူညီတောက်ပံ့ရေးအတွက် နောက်ဆုံးလမ်းပေါက် ပိတ်သွားလိမ့်မယ်လို့ တနင်္လာနေ့တုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတားရပ်စ်က ပြောပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ကတော့ လာမယ့်ရက် သတ္တပတ်အတွင်း အစ္စရေး-ဟာမတ်စ် အပစ်ရပ်နိုင်ပြီး ကျန်ရှိနေသေးတဲ့ ဓားစာခံတွေလည်း ပြန်လည်လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG