သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ရပ်စဲဖို့ EU ၂၆ နိုင်ငံတောင်းဆို 


ဂါဇာကမ်းမြောင်ဒေသ၊​ ရာဖာမြို့မှာ အခမဲ့အစာဝေငှရာနေရာမှာ တန်းစီနေကြတဲ့ ပါလက်စတိုင်းကလေးများ။ (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၄)
Israel Palestinians

ဥရောပသမဂ္ဂ EU အဖွဲ့ဝင် ၂၆ နိုင်ငံတို့က ဂါဇာဒေသကစစ်ပွဲကို လူသားချင်းစာနာမှုအရ ချက်ချင်းရပ်တန့်ဖို့၊ Rafah မြို့ကို တိုက်တာချက်ချင်းရပ်ဖို့ ဖေဖော်ဝါရီလ ၁၉ ရက်၊ တနင်္လာနေ့မှာ တောင်းဆိုလိုက်ကြောင်း အီးယူနိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell ကပြောပါတယ်။

ဂါဇာဒေသစစ်ပွဲတွေ ရေရှည်ရပ်တန့်သွားစေမယ့် အပစ်အခတ်ရပ်စဲမှု ချက်ချင်းစတင်ဖို့၊ ဖမ်းဆီးထားတဲ့ ဓားစားခံတွေကို ခြွင်းချက်မရှိပြန်လွတ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ထပ်မံပေးပို့ခွင့်ပြုဖို့ လည်း အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်ကို လက်မှတ်မထိုးတဲ့ တခုတည်းသောအဖွဲ့ဝင်နိုင်ငံရဲ့နာမည်ကို မစ္စတာ Borrell ကပြောမသွားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အလားတူထုတ်ပြန်ချက်ကို ဟန်ဂေရီနိုင်ငံက သဘောမတူ ပယ်ချခဲ့ဖူးတယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။

ဂါဇာဒေသတောင်ဘက်စွန်းက မြို့ကို အစ္စရေးလ်တပ်တွေက မြေပြင်ထိုးစစ်တွေအရှိန်မြင့်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီမြို့ဟာ ၅ လနီးပါးရှိလာပြီဖြစ်တဲ့စစ်ပွဲမှာ ဟာမတ်စ်တို့ ထိန်းချုပ်ထားတဲ့ နောက်ဆုံးနေရာတခုလည်း ဖြစ်ပါတယ်။

ဂါဇာစစ်ရပ်စဲဖို့ EU ၂၆ နိုင်ငံတောင်းဆို
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG