သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲ ရေရှည်စစ်ဖြစ်လာမယ်လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာမှာ စစ်ပွဲတွေကြောင့် အသေအပျောက်နှုန်း တိုးမြင့်လာချိန်မှာပဲ ဂါဇာဒေသ ဟာမတ်စ်တို့ကို စစ်ဆင်နေတာဟာ ရေရှည်စစ်တရပ်ဖြစ်လာမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သတိပေးပြောဆိုပါတယ်။ ဟာမတ်စ်တို့ကို လုံးဝနှိမ်နင်းပြီး ဂါဇာတောင်ပိုင်းရော မြောက်ပိုင်းမှာ လုံခြုံရေးပြန်လည်တည်ဆောက်ပြီးတဲ့အထိဆိုရင် ဒီစစ်ဟာ ရေရှည်စစ်ပွဲတရပ်ဖြစ်လာမယ်လို့ အစ္စရေးဝန်ကြီးချုပ်က တနင်္ဂနွေနေ့ အစိုးရအစည်းအဝေးမှာ ပြောဆိုတာပါ။

ဂါဇာမှာတော့ အစ္စရေးစစ်ဆင်ရေးတွေ ဆက်ရှိနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ပါလက်စတိုင်း ၁၆၆ ဦး သေဆုံးခဲ့တယ်လို့ ဟာမတ်စ် ကျန်းမာရေးဌာနက ပြောပါတယ်။ အခုအချိန်အထိဆိုရင်တော့ ပါလက်စတိုင်းသေဆုံးမှုဟာ စုစုပေါင်း ၂၀,၄၂၄ ဦး ရှိသွားပြီလို့ ဟာမတ်စ် ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်း အစ္စရေးစစ်သည် ၈ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးကလည်း ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးမြေပြင်ထိုးစစ် ဝင်ချိန်ကစလို့ဆိုရင် သေဆုံးတဲ့ အစ္စရေးစစ်သည် ၁၅၄ ဦးအထိ ရှိလာပြီလို့လည်း အစ္စရေးက ပြောပါတယ်။ ဒီစစ်ဟာ အတော်ကြီးထိခိုက်သက်ရောက်မှုကြီးတယ်ဆိုပေမယ့်လည်း ဆက်တိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

ဂါဇာမြောက်ပိုင်းက Jabalia ဒေသမှာ အစ္စရေးက ညလုံးပေါက် လေကြောင်းတိုက်ခိုက်ပါတယ်။ တောင်ပိုင်းမှာတော့ ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar ရဲ့ အမာခံနယ်မြေလည်းဖြစ်၊ သူ့မွေးရပ်မြေလည်းဖြစ်တဲ့ Khan Younis ဒေသကို အစ္စရေးက စစ်ဆင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဆက်ဖြစ်နေပါတယ်။ ဂါဇာက ပစ်မှတ် ၂၀၀ လောက်ကို တိုက်ခိုက်ခဲ့ပြီး ဂါဇာမြောက်ပိုင်းက စစ်ဆင်ရေးအရ လုံးဝနီးပါးထိန်းချုပ်ထားလိုက်နိုင်ပြီလို့ အစ္စရေးဘက်က ပြောပါတယ်။

ဂါဇာစစ်ပွဲ ရေရှည်စစ်ဖြစ်လာမယ်လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG