သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသတောင်ပိုင်း အစ္စရေး အပြင်းအထန် ထိုးစစ်ဆင်


Israeli soldiers operate a tank near Gaza, after a temporary truce between Israel and the Palestinian Islamist group Hamas expired, as seen from southern Israel, December 2, 2023.
Israeli soldiers operate a tank near Gaza, after a temporary truce between Israel and the Palestinian Islamist group Hamas expired, as seen from southern Israel, December 2, 2023.

ဂါဇာဒေသတောင်ပိုင်း Khan Younis မြို့ကို အစ္စရေးစစ်တပ်က အပြင်းအထန် တိုက်ခိုက်နေပါတယ်။ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟာမတ်စ်အဖွဲ့ကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကနေ ရှောင်ရှားနိုင်အောင် တောင်ပိုင်းဒေသက ထွက်ခွာဖို့ တိုက်တွန်းထားတဲ့ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းတွေအတွက် လတ်တလော သက်သာရာရမယ့် အခြေအနေမျိုးလည်း မတွေ့ရပါဘူး။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေအားလုံး ပြန်ရောက်လာပြီး၊ ဟာမတ်စ်အဖွဲ့ကို အမြစ်ဖြုတ်နိုင်တဲ့အထိ တိုက်မယ်လို့ စနေနေ့က ပြောဆိုထားပါတယ်။ ဟာမတ်စ်စစ်သွေးကြွတွေ ခိုအောင်းနေတယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ယူဆထားတဲ့ Khan Younis မြို့ကိုလည်း အပြင်းအထန် တိုက်ခိုက်နေတာပါ။

တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေချိန်မှာပဲ ပါလက်စတိုင်း အရပ်သား သေဆုံးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အမေရိကန်သမ္မတ Joe Biden အစိုးရ အစ္စရေးအပေါ် တိုက်တွန်းမှုတွေလည်း တိုးလာနေပါတယ်။ အစ္စရေး၊ ဟာမတ်စ် ယာယီအပစ်အခတ် ရပ်စဲရေး သောကြာနေ့မှာ အဆုံးသတ်ခဲ့ပြီးနောက် တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ပါလက်စတိုင်း ၂၀၀ ထက်မနည်း ရှိခဲ့တာပါ။

ဟာမတ်စ်ရဲ့ တိုက်ခိုက်မှုနောက်ပိုင်း ဂါဇာဒေသမှာ သေဆုံးသူ အခုဆိုရင် ၁၅၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၄ သောင်းကျော် ရှိနေပြီး ဒီအထဲက ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးတွေလို့လည်း ဂါဇာဒေသကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG