သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ဟာမတ်စ် အပြင်းအထန် တိုက်ပွဲဖြစ်


အစ္စရေးတောင်ပိုင်း ဂါဇာနယ်စပ်ကနေ ဟောက်ဝတ်ဇာအမြောက်နဲ့ ပစ်ခတ်နေတဲ့ အစ္စရေးစစ်တပ်ကိုတွေ့ရစဉ် (ဒီဇင်ဘာ ၇၊ ၂၀၂၃)
အစ္စရေးတောင်ပိုင်း ဂါဇာနယ်စပ်ကနေ ဟောက်ဝတ်ဇာအမြောက်နဲ့ ပစ်ခတ်နေတဲ့ အစ္စရေးစစ်တပ်ကိုတွေ့ရစဉ် (ဒီဇင်ဘာ ၇၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသထဲက မြောက်ပိုင်းမှာရှိတဲ့ ဂါဇာမြို့နဲ့ တောင်ပိုင်းမှာရှိတဲ့ Khan Younis မြို့တွေမှာ အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတာနဲ့အတူ ပါလက်စတိုင်းပြည်သူတွေ ဘေးလွတ်ရာ ထပ်ပြီး ပြေးနေကြရပါတယ်။ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ ခေါင်းဆောင် Yahya Sinwar ပုန်းနေတဲ့နေရာနား အစ္စရေးစစ်တပ်တွေရောက်ဖို့နီးနေပြီလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောကြားခဲ့ပြီး သူ့ကို မကြာခင်ရှာတွေ့တော့မယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေဟာ မြောက်ပိုင်းကနေ တောင်ပိုင်းကို ကျယ်ပြန့်လာနေတာကြောင့် အရပ်သားတွေ နောက်ထပ် တောင်ဘက်စွန်းဘက်ကို စစ်ဘေးလွတ်အောင် ပြေးနေကြရပါတယ်။ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီတဲ့လုပ်ငန်းတွေလည်း ထိခိုက်နေပြီး အင်မတန်ဆိုးဝါးတဲ့အခြေအနေပိုးတိုးလာမယ်ဆိုတဲ့ သတိပေးမှုတွေ ထပ်မံထွက်ပေါ်နေပါတယ်။ ဂါဇာတောင်ဖက်စွန်း အီဂျစ်နဲ့နယ်စပ်ဖြစ်တဲ့ Rafah မြို့ကို အခုရက်ပိုင်းအတွင်း သောင်းနဲ့ချီရောက်လာကြတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ Rafah မြို့ကိုလည်း ညတုန်းက အစ္စရေးက လေကြောင်းနဲ့ တိုက်ခိုက်တယ်လို့ ဒေသခံတွေ သတင်းထောက်တွေက ပြောပါတယ်။ Rafah နားကနေ စစ်သွေးကြွတွေက Rocket ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အာရုံစိုက်မှုရအောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့တင်ပြနိုင်တဲ့ အထူးလုပ်ပိုင်ခွင့်ကို အတွင်းရေးမှူးချုပ် Antonio Guterres က ပထမဆုံးအကြိမ် ဗုဒ္ဓဟူးနေ့က အသုံးပြုပြီး ဂါဇာမှာဖြစ်နေတဲ့ အခြေအနေက နိုင်ငံတကာ တည်ငြိမ် လုံခြုံရေးကို ခြိမ်းခြောက်နေပြီလို့ သတိပေးခဲ့ပါတယ်။

အစ္စရေး၊ ဟာမတ်စ် အပြင်းအထန် တိုက်ပွဲဖြစ်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG