သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး ပါလက်စတိုင်းသမ္မတနဲ့တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘက်စ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘက်စ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျော်ဒန်မြစ် အနောက်ဘက်ခြမ်း West Bank ဒေသမြို့ဖြစ်တဲ့ Ramallah ကို သွားရောက်ပြီး ပါလက်စတိုင်း သမ္မတ Mahmoud Abbas နဲ့ ကြာသပတေးနေ့က တွေ့ဆုံပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို တတိယအကြိမ်အဖြစ် ထပ်တိုးလိုက်ပြီးနောက် ဝန်ကြီး Blinken ရဲ့ ခရီးစဉ်ဖြစ်လာတာပါ။ ဂါဇာဒေသမှာ အပစ်ရပ်စဲရေးကာလ နောက်ထပ် သက်တမ်းတိုးသွားနိုင်မယ့် နည်းလမ်းတွေကို ရှာနိုင်ကြလိမ့်မယ်လို့ အမေရိကန်ဘက်က မျှော်လင့်နေသလို ပြန်ပေးဆွဲခံထားရသူတွေကို ထပ်လွှတ်ပေးလိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္လာနေ့က ပြောထားပါတယ်။

ဟားမတ်စ်တို့ စတင်တိုက်ခိုက်ရာက ဖြစ်လာတဲ့ ဂါဇာဒေသ အစ္စရေးရဲ့ ထိုးစစ်တွေနောက်ပိုင်း အဲဒီဒေသကို Blinken ရဲ့ ဒီခရီးစဉ်က တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒါဇင်ပေါင်းများစွာသော ပါလက်စတိုင်းပြည်သူတွေဟာ Ramallah မြို့လယ်မှာ စုဝေးခဲ့ကြပြီး ဒီစစ်ပွဲမှာ အမေရိကန်ရဲ့ ရပ်တည်ချက်မူဝါဒနဲ့ ဘလင်ကန်နဲ့ ပါလက်စတိုင်းသမ္မတ အာဘတ်စ်တို့ တွေ့ဆုံမှုအပေါ်မှာပါ ဆန္ဒပြခဲ့ကြပါတယ်။

ဒီခရီးစဉ် မတိုင်ခင် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံခဲ့ပြီး ၊ တောင်ပိုင်း ဂါဇာဒေသမှာ နောက်ထပ် လူ့အသက်တွေ သေဆုံးမှု ထပ်မဖြစ်ရအောင် အစ္စရေးဘက်က ထိုးစစ်ကြီးတွေ ရှောင်ရှားဖို့ ပြောဆိုဆွေးနွေးနိုင်တဲ့အတွက် အဲဒီခရီးစဉ်က သိပ်အရေးပါကြောင်းလည်း ပြောပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအောက်မှာ အစ္စရေးအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်အတွက် အမေရိကန်က ဆက်လက် ထောက်ခံသွားမှာဖြစ်ပေမယ့် အရပ်သားပြည်သူတွေ သေကြေထိခိုက်တာမျိုး ထပ်မဖြစ်ရအောင် လုပ်ဖို့ကိုလည်း Netanyahu နဲ့ တွေ့ဆုံစဉ်မှာ Blinken က တိုက်တွန်းခဲ့ပါတယ်။

ကန်နိုင်ငံခြားရေးဝန်ကြီး ပါလက်စတိုင်းသမ္မတနဲ့တွေ့ဆုံ
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG