သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်−အစ္စရေး ဓားစာခံ အကျဉ်းသားလဲလှယ်မှု သမ္မတဘိုင်ဒန် ကြိုဆို


အစ္စရေး နဲ့ ဟားမတ်စ် အပြန်အလှန် ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို သမ္မတ ဘိုင်ဒန် ဖြေကြားနေစဥ်။ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
အစ္စရေး နဲ့ ဟားမတ်စ် အပြန်အလှန် ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို သမ္မတ ဘိုင်ဒန် ဖြေကြားနေစဥ်။ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်လာချိန်၊ ဟားမတ်စ်ဘက်က ဓားစာခံတချို့ ပြန်လွှတ်ပေးတာနဲ့ အစ္စရေးဘက်က ပါလက်စတိုင်း အကျဥ်းသားတချို့ လွှတ်ပေးတာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့မှာ ကြိုဆို လိုက်ပြီး ဒါဟာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ သံခင်းတမန်ခင်း ရလဒ်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့နဲ့ ဟားမတ်စ်အဖွဲ့က အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုအတွင်း ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးနိုင်ဖို့ တိုက်ပွဲတွေ ခေတ္တရပ်ရေးနဲ့ ဘိုင်ဒန်အစိုးရအဖွဲ့က သီတင်းပတ်ပေါင် များစွာ ကြိုးစားခဲ့ရတယ်လို့ ပြောပါတယ်။

ဟားမတ်စ်က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ သဘောတူညီချက်အတွက် ကာတာ၊ အီဂျစ်နဲ့ အစ္စရေးနိုင်ငံတွေကို ကျေးဇူးတင်ကြောင်း အမေရိကန် သမ္မတက ပြောပါတယ်။ "ဒါဟာ အစပဲရှိပေမဲ့ အခုထိတော့ အဆင်ပြေပြေ ဖြစ်နေတယ်" လို့ ဘိုင်ဒန်ကပြောပါတယ်။ ကာတာက ကြားဝင် စေ့စပ်ပေးထားတဲ့ အခု ညှိနှိုင်းမှုအတွင်း ဟားမတ်စ်က ဖမ်းထားတဲ့ ဓားစာခံ ၂၄၀ ထဲက တချို့ဟာ အခု ပြန်လွတ်လာပါပြီ။

အသက် ၂ နှစ်ကနေ ၈၅ နှစ်ကြား အစ္စရေး အမျိုးသမီးနဲ့ ကလေး ၁၃ ဦး အပါအဝင် ဓားစာခံ ၂၄ ဦးကို သောကြာနေ့ ညနေပိုင်းက ပြန်လွတ်လာပါတယ်။ ဒါ့အပြင် ဟားမတ်စ်ဟာ ထိုင်းနိုင်ငံသား ၁၀ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား တဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း ကာတာအစိုးရက ပြောပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးအစိုးရက ပါလက်စတိုင်းအမျိုးသမီးနဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသား ၃၉ ဦးကို လွှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG