သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ် အပစ်ရပ်မှုသက်တမ်းတိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေး


Israel Palestinians
Israel Palestinians

ဓားစာခံတွေ ပိုပြီး လွှတ်နိုင်အောင် အပစ်အခတ်ရပ်စဲရေး ရက်တိုးဖို့ ဆွေးနွေးကြဖို့အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းစ် (William Burns) နဲ့ အစ္စရေး ထောက်လှမ်းရေး မော့ဆတ်အကြီးအကဲ ဒေးဗစ် ဘာနီးယား (David Barnea) တို့ဟာ ကြားဝင်ညှိနှိုင်းနေတဲ့ ကာတာနိုင်ငံကို ရောက်ရှိနေကြတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တယောက်က အေပီသတင်းဌာနကို ပြောပါတယ်။

အမေရိကန်တာဝန်ရှိသူတဦးကလည်း စီအိုင်အေ ညွှန်မှူး ဝီလီယံ ဘန်းစ် ကာတာ ရောက်နေတာကို အမည်မဖော်ဘဲ အတည်ပြုပါတယ်။ တကယ်လို အစ္စရေးက ထိုးစစ်ကို ပြန်စခဲ့မယ်ဆိုရင် ပါလက်စတိုင်း အရပ်သားတွေ ထိခိုက်မှာကို ရှောင်ဖို့၊ လူတွေ အိုးအိမ်ပစ် စွန့်ခွါရတဲ့အဖြစ်တွေကို ရှောင်ဖို့နဲ့ ဂါဇာတောင်ပိုင်းကို စစ်ဆင်ရင်လည်း ပစ်မှတ်ကို ပိုပြီး တိတိကျကျသတ်မှတ်ဖို့ အမေရိကန်က အစ္စရေးကို ပြောထားတယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောကြောင်း အေပီသတင်းက ရေးပါတယ်။

အပစ်အခတ်ရပ်စဲရေး မျှော်လင့်ချက်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ဒီ အပတ် အရှေ့အလယ်ပိုင်းဒေသကို ပြန်သွားဖို့လည်း ရှိပါတယ်။ အပစ်ရပ်ရေး ငါးရက်မြောက် အင်္ဂါနေ့မှာ အစ္စရေး ၁၀ ယောက်နဲ့ နိုင်ငံခြားသား ၂ ယောက်၊ ပေါင်း ၁၂ ယောက်ကို ဟားမတ်စ်က လွှတ်ပေးလိုက်ပြီး အစ္စရေးက ပါလက်စတိုင်းအမျိုးသား လူငယ် ၁၅ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက်ကို လွှတ်ပေးဖို့ မျှော်လင့်ထားကြောင်း အစိုးရတပိုင်း ပါလက်စတိုင်း အကျဥ်းသားများကလပ်က ပြောပါတယ်။

အစ္စရေး-ဟာမတ်စ် အပစ်ရပ်မှုသက်တမ်းတိုးနိုင်ဖို့ ညှိနှိုင်းဆွေးနွေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG