သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ် အပစ်ရပ် ၅ ရက်မြောက်နေ့မှာ ဖမ်းဆီးထားသူတွေ ထပ်လွှတ်ဖွယ်ရှိ


ဟာမတ်စ်စစ်သွေးကြွအဖွဲ့နဲ့ ၅ ရက်မြောက်အပစ်ရပ်စဲရေးနေ့ ဂါဇာကမ်းမြောင် တောင်ပိုင်းနယ်စပ်မှာ ကင်းလှည့်နေတဲ့ အစ္စရေးတပ်သားများ (နိုဝင်ဘာ ၂၈၊ ၂၀၂၃)
ဟာမတ်စ်စစ်သွေးကြွအဖွဲ့နဲ့ ၅ ရက်မြောက်အပစ်ရပ်စဲရေးနေ့ ဂါဇာကမ်းမြောင် တောင်ပိုင်းနယ်စပ်မှာ ကင်းလှည့်နေတဲ့ အစ္စရေးတပ်သားများ (နိုဝင်ဘာ ၂၈၊ ၂၀၂၃)

အစ္စရေးနဲ့ ဟာမတ်စ်တို့ရဲ့ အပစ်အခတ်ရပ်စဲရေး ၅ ရက်မြောက်နေ့အထိ သက်တမ်းတိုးလာတဲ့အတွက် အကျဉ်းသားတွေနဲ့ဓားစားခံတွေ ထပ်မံလဲလှယ်ကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

အစ္စရေးအကျဉ်းထောင်တွေမှာ ပြစ်မှုအမျိုးမျိုးနဲ့ ချုပ်နှောင်ခံထားရတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေကို သုံးကြိမ်မြောက် လွှတ်ပေးရေးနဲ့ နောက်ထပ် ဓားစာခံ ၁၀ ဦးကိုလွှတ်ပေးရေးအပါအဝင် ၄ ရက်ကြာ အပစ်ရပ်ရေး သဘောတူညီချက်ကို ပြည့်သွားပြီးချိန်မှာနောက်ထပ် တရက်ထပ်တိုးပြီး ဟာမတ်စ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်တာကိုလည်း အစ္စရေးဘက်က ရပ်စဲထားတာပါ။

ပါလက်စတိုင်းအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့အတွက် ဓားစားခံ လေးကြိမ်မြောက် လဲလှယ်မှုဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ပြီးဆုံးခဲ့ပြီး၊ ဟာမတ်စ်ဘက်က ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့သလို၊ ပါလက်စတိုင်း အကျဉ်းသား ၃၃ ဦးလည်း ပြန်လွတ်လာတယ်လို့ အစ္စရေး အကျဉ်းထောင်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလေးရက်အတွင်း စုစုပေါင်း အစ္စရေး ဓားစာခံ အယောက် ၅၀ နဲ့ ပါလက်စတိုင်း အယောက် ၁၅၀ ပြန်လည် လွတ်မြောက်လာတာပါ။ ဒီလို အပစ်အခတ်ရပ်စဲရေးအတွက် သက်တမ်းထပ်တိုးထားပေးမဲ့ အစ္စရေးရဲ့ ဟာမတ်စ်ချေမှုန်းရေး ရည်မှန်းချက်ကတော့ အခိုင်အမာ ဆက်ရှိနေဆဲပါပဲ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG