သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံသား ၁၂ ယောက်ကို ဟာမတ် ပြန်လွှတ်ပေး

ဟာမတ််စ်အဖွဲ့က ဖမ်းဆီးထားသူတွေလွှတ်ပေးရေး တောင်းဆိုနေကြ
ဟာမတ််စ်အဖွဲ့က ဖမ်းဆီးထားသူတွေလွှတ်ပေးရေး တောင်းဆိုနေကြ

အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်စဲပြီး ဓါးစားခံတွေပြန်လွှတ်ပေးမယ့် သဘောတူညီချက်အရ ထိုင်းနိုင်ငံသား ၁၂ ယောက်လည်း ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာတဲ့ ထိုင်းနိုင်ငံသားတွေကို ထိုင်းသံရုံးတာဝန်ရှိသူတွေ သွားခေါ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်က လူမှုကွန်ယက်မှာ အသိပေးကြေညာခဲ့တာပါ။

ပြန်လွတ်လာမယ့်ထဲမှာ ထိုင်းနိုင်ငံသားတွေ ပါ မပါ မသေချာသေးဘူးလို့ ထိုင်းအစိုးရက ဒီကနေ့ အစောပိုင်းမှာ ပြောကြားခဲ့တာပါ။ ပြန်လွတ်လာခဲ့ရင်တော့ နိုင်ငံပြန်ခေါ်ဖို့ အသင့်ပါလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက Parnpree Bahddha-Nukara က ပြောကြားလိုက်ပါတယ်။

“ထိုင်းနိုင်ငံသား ၂၃ ဦးကို ပြန်လွှတ်နိုင်ခြေရှိတယ်လို့ သတင်းထွက်နေပါတယ်။ ဒါကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့တော့ အတည်ပြုလို့ မရသေးပါဘူး။ သတင်းမီဒီယာတွေရဲ့ သတင်းရင်းမြစ်တွေကနေ တိုက်ရိုက်လာတဲ့သတင်းဖြစ်ပေမဲ့၊ ထိုင်းအစိုးရကို တရားဝင် အကြောင်းကြားတာ မရှိသေးပါဘူး” လို့ နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ဒီကနေ့ အစောပိုင်းမှာ ပြောသွားခဲ့တာပါ။

Hamas အဖွဲ့က ထိုင်း ဓားစာခံ ဘယ်သူကိုမဆို လွှတ်ပေးလာရင် ချက်ချင်း လက်ခံဖို့ ထိုင်းအစိုးရအနေနဲ့ အပြည့်အဝ အသင့် ပြင်ထားပြီးပါပြီလို့လည်း ပြောပါတယ်။

ထိုင်းဓါးစာခံတွေပြန်လွတ်လာရေးအတွက် အီရန်အစိုးရအပါအဝင် Hamas အဖွဲ့နဲ့ အဆက်အဆံရှိတဲ့ အစိုးရတွေနဲ့ ထိုင်းအစိုးရအနေနဲ့ ဆက်သွယ်ကြိုးစားနေတယ်လို့လည်း ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Hamas ဖမ်းဆီးထားတဲ့ ဓါးစားခံတွေလွှတ်ပေးရင် အစ္စရေးဖမ်းဆီးထားတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်အရ Hamas တွေဖမ်းထားတယ်လို့ ယုံကြည်ရတဲ့ ထိုင်းနိုင်ငံသားတွေ ပြန်လွတ်လာနိုင်တယ်လို့ အရှေ့အလယ်ပိုင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့တွေမှာ Hamas စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား ၃၉ ယောက်သေဆုံးခဲ့ပြီး ၂၃ ယောက်ဖမ်းဆီးခံထားရတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံသား ၁၂ ယောက်ကို ဟာမတ် ပြန်လွှတ်ပေး
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG