သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာဖမ်းထားတဲ့ဓါးစားခံ ပထမအသုတ် ပြန်လွတ်ဖွယ်ရှိနေ


အောက်တိုဘာ ၇ ရက်က ဂါဇာမှာအဖမ်းခံရတဲ့အစ္စရေးတွေကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့စာတန်းကို Tel Aviv မြို့မှာ တွေ့ရစဥ်။ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
အောက်တိုဘာ ၇ ရက်က ဂါဇာမှာအဖမ်းခံရတဲ့အစ္စရေးတွေကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့စာတန်းကို Tel Aviv မြို့မှာ တွေ့ရစဥ်။ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ဂါဇာမှာ ဟားမတ်စ် စစ်သွေးကြွတွေက ဖမ်းထားတဲ့ဓားစာခံတွေကို ၄ ရက်ကြာ အပစ်အခတ်ရပ်စဲတာ စတင်မယ့် ကြာသပတေးနေ့မှာ လွှတ်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ကြာသပတေးမနက် ၁၀ နာရီမှာ အပစ်ရပ်တာ စမှာပါ။ ဟားမတ်စ်က အမျိုးသမီးနဲ့ ကလေးဓားစာခံ ၅၀ ကို အဆင့်လိုက်လွှတ်ပေးပြီး အစ္စရေးက ပါလက်စတိုင်းအကျဥ်းသား ၁၅၀ ကို လွှတ်မယ်လို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ ကာတာနိုင်ငံက ပြောပါတယ်။ ဖမ်းထားတဲ့ အမေရိကန် ၉ ယောက် ပါလာလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကာတာနိုင်ငံရဲ့ခေါင်းဆောင် တမင်း ဘင် ဟာမက် အယ်သန်နီ (Tamim bin Hamad Al-Thani) နဲ့ အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ် စီစီ (Abdel-Fattah El-Sisi) တို့ ကို ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။ ခုလို အပစ်ရပ်ပေးတဲ့အတွက် အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နသန်ယာဟု ကိုလည်းချီးကျူးစကား ဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် နသန်ယာဟု ကတော့ ရည်မှန်းချက် ပေါက်သည်အထိ အပစ်ရပ်ကာလ ပြီးတာနဲ့ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

ဟားမတ်စ်ရဲ့တိုက်အားနဲ့ အုပ်ချုပ်နိုင်စွမ်းရည်တွေ ပျက်စီးရေးနဲ့ ဓားစာခံတွေ ပြန်လာရေးဟာ အစ္စရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က အစ္စရေးက ဂါဇာတောင်ပိုင်း ခန်ယူနိစ်မြို့ကို လေကြောင်းကတိုက်ခိုက်ခဲ့ရာမှာ ကလေးတွေအပါအဝင် လူ ၁၇ ယောက်သေဆုံးခဲ့ပြီး မြောက်ပိုင်း ဂါဇာမှာတော့ အလောင်း ၆၀ နဲ့ လူ ၂၀၀ ဒဏ်ရာနဲ့ကာမဲ အက်ဒဝမ် Kamal Adwan ဆေးရုံကို ရောက်လာခဲ့ကြောင်း ဟားမတ်စ်အစိုးရ ကျန်းမာရေးဌာနက ပြောပါတယ်။

ဂါဇာမှာဖမ်းထားတဲ့ ဓါးစားခံပထမအသုတ် ပြန်လွတ်ဖွယ်ရှိနေ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG