သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ဂယက် လူ့အဖွဲ့အစည်းတွေကြား ကွဲလွဲမှု ပြင်းထန်


နီပေါနိုင်ငံက သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် António Guterres၊ အောက်တိုဘာ ၂၉၊ ၂၀၂၃
နီပေါနိုင်ငံက သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် António Guterres၊ အောက်တိုဘာ ၂၉၊ ၂၀၂၃

ဂါဇာကမ်းမြောင်ဒေသမှာ အခြေအနေတွေဟာ နာရီပိုင်းနဲ့အမျှ ဆိုးရွားနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။ နီပေါနိုင်ငံ ကို ရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ်က အစ္စရေး-ဟားမတ်စ် စစ်ပွဲ မီးတောက်လောင်နေတဲ့ အကျိုးဆက်ကို အခုလို သတိပေးသွားပါတယ်။

“အရှေ့အလယ်ပိုင်းမှာ အခြေအနေဟာ နာရီနဲ့အမျှ ဆိုးဝါးလာနေပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲတွေ တဟုန်းဟုန်း တောက်လောင်နေပြီး ဒေသအနှံ့ အန္တရာယ်တွေ ပျံ့နှံ့နေပါတယ်။ လူ့အဖွဲ့အစည်းကြားမှာ ကွဲလွဲမှုတွေ၊ တင်းမာမှုတွေဟာ ပွက်လောရိုက် ခြိမ်းခြောက်နေပါတယ်။ ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာ အရပ်သားတွေကို လေးစားကာကွယ်တဲ့ အခြေခံမူတွေကို ရှင်းရှင်းလင်းလင်းသိဖို့က အရေးကြီးပါတယ်။” လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသွားတာပါ။

သူဟာ ကာတာနိုင်ငံမှာ အစ္စရေး-ဟားမတ်စ်အရေး ဆွေးနွေးပြီးနောက် လေးရက်ကြာခရီးစဥ် အဖြစ် နီပေါနိုင်ငံကို ရောက်ရှိနေတာပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရေးနဲ့ ဂါဇာပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ပေး ဖို့အတွက်လည်း သူက ပြောသွားပါသေးတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် လူ ၁၄၀၀ သေဆုံးပြီး အများစုမှာ အရပ်သားအများစုဖြစ်ပြီး ဓားစာခံ ၂၃၀ ကိုလည်း ဖမ်းဆီးထားပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အစ္စရေးတပ်ရဲ့ လက်တုံ့ပြန်မှုကြောင့် ပါလက်စတိုင်းအရပ်သားပေါင်း ၈,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ဂယက် လူ့အဖွဲ့အစည်းတွေကြား ကွဲလွဲမှု ပြင်းထန်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG