သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ဟားမတ်တွေကို အစ္စရေး လေကြောင်းက ဆက်လက်တိုက်ခိုက်


ဂါဇာမှာ ဟားမတ်တွေကို အစ္စရေး လေကြောင်းက ဆက်လက်တိုက်ခိုက်နေ (အောက်တိုဘာ ၂၅၊ ၂၀၂၃)
ဂါဇာမှာ ဟားမတ်တွေကို အစ္စရေး လေကြောင်းက ဆက်လက်တိုက်ခိုက်နေ (အောက်တိုဘာ ၂၅၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်လိုက် တိုက်ခိုက်နေတဲ့အကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ ဟားမတ်စ်ဘက်ကအသုံးပြုတဲ့ မြေအောက် ဥမင်လှိုင်ခေါင်းတွေ၊ လက်နက်တွေနဲ့ စစ်လက်နက် သိုလှောင်ထားတဲ့နေရာတွေ၊ မစ်ဇိုင်းဒုံး ပစ်ခတ်တဲ့ ပစ်စင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း အစ္စရေး စစ်တပ်က ပြောပါတယ်။

"ဟားမတ်စ် အကြမ်းဖက်အဖွဲ့ဟာ ဂါဇာ ဒေသခံတွေရဲ့ ပတ်ဝန်းကျင်က အိုးအိမ်၊ စာသင်ကျောင်း၊ ဆေးရုံတွေကို သုံးပြီး၊ အိမ်တွေရဲ့ အောက်မှာလှိုင်ခေါင်းတွေ တူးပြီး ပုန်းအောင်း နေတဲ့အကြောင်းနဲ့ ကိုယ့်လုံခြုံရေးအတွက် ဆက်မနေပဲ၊ တောင်ဘက်ပိုင်းကို ထွက်ခွာကြဖို့" အစ္စရေးစစ်တပ် ရေတပ် ဗိုလ်ချုပ်ကြီး Daniel Hagari (ဒဲနီရယ်လ် ဟတ်ဂရီ) က သတိပေးပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ဟားမတ်စ် အဖွဲ့ဟာ ဂါဇာဒေသခံတွေကို လူသားဒိုင်းအဖြစ် ဓါးစာခံလုပ်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တယ်ဆိုပြီး ပြောဆိုထားပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံ Daraa (ဒါရာ) ခရိုင်မှာ အစ္စရေးဘက်က တိုက်ခိုက်မှုကြောင့် ဆီးရီးယား စစ်သား ရှစ်ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရရာတဲ့အကြောင်း ဆီးရီးယား အစိုးရ သတင်းဌာနက ကြေညာပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဆီးရီးယားဘက်က ရော့ကက်တွေနဲ့ အစ္စရေးဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဂျက်တိုက်ယာဉ်တွေနဲ့ တုံ့ပြန်ခြေမှုန်းတာလို့ ပြောပါတယ်။ ဟားမတ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ တိုက်ပွဲ ဒေသအတွင်းကို ပျံ့နှံ့မှာ စိုးရိမ်နေတဲ့အချိန်မှာပဲ အစ္စရေးနဲ့ ဆီရီးယား နှစ်နိုင်ငံ နယ်စပ်ကျော် တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတာပါ။ တိုက်ပွဲကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းတွေ စီစဉ်ပေးထားတဲ့ ယာယီခိုလှုံရေးစခန်း ၁၅၀ မှာ ပါလက်စတိုင်း ဒုက္ခသည် ခြောက်သိန်းလောက် ခိုလှုံနေတဲ့အကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG