သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်


အစ္စရေးတိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေတဲ့ရင်သွေးများနဲ့ပါလက်စတိုင်း မိခင်တဦး (အောက်တိုဘာ ၂၃၊ ၂၀၂၃)
အစ္စရေးတိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေတဲ့ရင်သွေးများနဲ့ပါလက်စတိုင်း မိခင်တဦး (အောက်တိုဘာ ၂၃၊ ၂၀၂၃)

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အစ္စရေးက ဂါဇာက နေရာ ၄၀၀ ကျော်ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပင်လယ်ကမ်းခြေမှာရှိတဲ့ ဒုက္ခသည်စခန်းအပါအဝင် လူ ရာပေါင်းများစွာသေခဲ့တယ်လို့ ပါလက်စတိုင်းတာဝန်ရှိသူတွေ က ပြောပါတယ်။

လူ ၇၀၄ ယောက် အနည်းဆုံးသေဆုံးခဲ့ကြောင်း၊ ၂ ပတ်ကျော် ဒီ ပဋိပက္ခမှာ အနည်းဆုံး လူ ၅,၇၉၁ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။ ခုလို အသေအဆုံးများလာတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်း အပစ်ရပ်လိုက်တာဟာ ဟားမတ်စ်အဖွဲ့အတွက် အကျိုးရှိစေလိမ့်မယ်ဆိုပြီး အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပယ်ချလိုက်ပါတယ်။

ခုလို တိုက်ခိုက်မှုတွေက ပြင်သစ်သမ္မတ အီမန်နယူရယ် မက်ခရွန် အစ္စရေးကိုရောက်ရှိနေစဥ်မှာ ဖြစ်ခဲ့တာပါ။ မက်ခရွန်က အစ္စရေးကို ထောက်ခံလိုက်ပြီး ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေးကို ဦးစားပေးအဖြစ် စဥ်းစားဖို့ အစ္စရေးသမ္မတကို ပြောပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အစ္စလာမ်စ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့ကိုတိုက်ခိုက်နေတဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့က ဟားမတ်စ်ကိုလည်း တိုက်ခိုက်ဖို့ မက်ခရွန်က အစ္စရေးဝန်ကြီးချုပ်နဲ့ အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အကြံပြု ပြောသွားပါတယ်။

ဟားမတ်စ် အဖွဲ့ကို အစ္စရေး၊ ပြင်သစ်၊ အမေရိကန်နဲ့ တချို့နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG