သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသ ကန်တပ်ဖြန့်ချထားမှု ရုရှားဝေဖန်


ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်နဲ့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီ တို့ တီဟ်ရန်မှာကျင်းပတဲ့ စည်းဝေးပွဲမှာ တွေ့ဆုံစဥ်။ (အောက်တိုဘာ ၂၃၊ ၂၀၂၃)
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်နဲ့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီ တို့ တီဟ်ရန်မှာကျင်းပတဲ့ စည်းဝေးပွဲမှာ တွေ့ဆုံစဥ်။ (အောက်တိုဘာ ၂၃၊ ၂၀၂၃)

အရှေ့အလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ချထားတာကြောင့် အစ္စရေး ဟားမတ်စ် စစ်က ပိုပြီးပြင်းထန်လာမယ့်အန္တရာယ် ကြီးမားလာနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ဗရော့ဗ်က တနင်္လာနေ့က ပြောလိုက်ပါတယ်။ အာမေးနီးယား၊ အဇာဘိုင်ဂျန်ပဋိပက္ခနဲ့ပတ်သက်ပြီး အီရန် နိုင်ငံ က အိမ်ရှင်အဖြစ်ကျင်းပတဲ့ဆွေးနွေးပွဲမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးက ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီ ဆွေးနွေးပွဲမှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကိုလည်းဆွေးနွေးခဲ့ကြပြီး ရပ်တူချက်တူကြကြောင်း မစ္စတာလာ့ဗ်ရော့ဗ်က ဆိုပါတယ်။ ခု ပဋိပက္ခ မှာ ဝင်ရောက်စွက်ဖက်ကြတဲ့တိုင်းပြည်တွေထဲ အမေရိကန်က ပါနေပြီးဖြစ်ပါတယ်လို့လည်း မစ္စတာလာ့ဗ်ဗရော့ဗ်က ပြောပါတယ်။ ဒီ စစ်ပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြတာကို အဆုံးသတ်ကြဖို့ ရုရှား၊ အီရန်နဲ့ တူရကီတို့က တိုက်တွန်းလိုက်ကြပါတယ်။

ဒါပေမဲ့ အမေရိကန် အခြေစိုက်စခန်းတွေကို တိုက်ခိုက်ရာမှာ အီရန်နိုင်ငံက တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ ခုဖြစ်နေတဲ့ ပဋိပက္ခကို သံတမန်ရေးအရ အဖြေရှာရာမှာ ဒေသတွင်း တိုင်းပြည်တွေရဲ့ ပူးတွဲအားထုတ်မှုအပြင် ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့ရဲ့ အားထုတ်မှုပေါ်ကနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်လို့လည်း မစ္စတာ လာ့ဗရော့ဗ်က ဆိုပါတယ်။ အီးယူနဲ့ အမေရိကန်မပါဘဲ ဖြေရှင်းရေးက ခက်ခဲတာကြောင့်ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG