သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားကထြက္ေျပးလာသူေတြကို လက္ခံတဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြ အခက္ၾကံဳ


FILE - Two Russians wave toward a photographer after they crossed the border between Georgia and Russia at Verkhny Lars in Georgia, Sept. 28, 2022.

႐ုရွားမွာ စစ္မႈထမ္းဖို႔ ဆင့္ေခၚတာကို ေရွာင္ရွားဖို႔ လူငယ္ေတြထြက္ေျပးလာေနတဲ့အတြက္ အိမ္နီးျခင္းႏိုင္ငံေတြအေနနဲ႔ သမတပူတင္ရဲ႔စစ္ပဲြကိုဆန္႔က်င္တာကိုအားေပးခ်င္ေပမယ့္လည္း ႐ုရွားေထာက္လွမ္းေရးေတြ ပါလာမွာကိုလည္းစိုး ရိမ္ေနၾကပါတယ္။  

႐ုရွားကထြက္ေျပးလာသူေတြကို လက္ခံတဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြ အခက္ၾကံဳ

{{Zawgyi/Unicode}}
႐ုရွားမွာ စစ္မႈထမ္းဖို႔ ဆင့္ေခၚတာကို ေရွာင္ရွားဖို႔ လူငယ္ေတြထြက္ေျပးလာေနတဲ့အတြက္ အိမ္နီးျခင္းႏိုင္ငံေတြအေနနဲ႔ သမတပူတင္ရဲ႔စစ္ပဲြကိုဆန္႔က်င္တာကိုအားေပးခ်င္ေပမယ့္လည္း ႐ုရွားေထာက္လွမ္းေရးေတြ ပါလာမွာကိုလည္းစိုး ရိမ္ေနၾကပါတယ္။

စစ္မႈထမ္းဖို႔ေရွာင္ရွားၿပီး ထြက္ေျပးလာသူေတြကို လက္ခံဖို႔ကိစၥမွာ ဥေရာပႏိုင္ငံေတြအၾကားကဲြလဲြမႈေတြရွိေနပါတယ္။ ေဂ်ာ္ဂ်ီယာ၊ ဂ်ာမဏီ၊ အာေမးနီးယား ႏိုင္ငံေတြက ႀကိဳဆိုၾကေပမယ့္၊ ပိုလန္၊ ဖင္လန္ တို႔လိုႏိုင္ငံေတြက သူတို႔ႏိုင္ငံထဲကို အ၀င္မခံၾကပါဘူး။

သမတပူတင္က အရံတပ္ဖဲြ႕ေတြ တစိတ္တပိုင္း စုစည္းဖို ႔ေၾကညာတဲ့ စက္တင္ဘာလ ၂၁ ရက္ေန႔ ကစတင္ၿပီး ရုရွားကေနထြက္ေျပးတဲ့ လူငယ္အေရအတြက္ဟာ ခန္႔မွန္းေျခ ၄ သိန္းေလာက္ရွိသြားၿပီး၊ ႐ုရွားက ယူကရိန္းကို စတင္က်ဴးေက်ာ္တဲ့ ေဖေဖၚဝါရီလ ကစၿပီး ႐ုရွားကေန ထြက္ေျပးသူေတြကေတာ့ သိန္းနဲ႔ခ်ီရွိေနၿပီျဖစ္ပါတယ္။

တခ်ိဳ႔ကေတာ့ ႐ုရွားမွာ စစ္မႈမထမ္းခ်င္လို႔ ထြက္ေျပးလာတာထက္၊ အိမ္နီးျခင္းႏိုင္ငံေတြရဲ႔ ကူညီေစာင့္ေရွာက္မႈကို လိုခ်င္တဲ့အတြက္ ထြက္ေျပးလာၾကတာပါ။ အထူးသျဖင့္ေတာ့ ၂၀၀၈ ခုႏွစ္က ႐ုရွားသိမ္းပိုက္ခဲ့ၿပီး ေဂ်ာ္ဂ်ီယာကေန ခဲြထြက္ခဲ့တဲ့ Abkhazia နဲ႔ ေတာင္ Ossetia နယ္ေတြက ထြက္ေျပးလာသူေတြ ျဖစ္ပါတယ္။

ထြက္ေျပးလာသူေတြထဲမွာ တန္ျပန္ေထာက္လွမ္းေရးေတြ ပါလာႏိုင္တဲ့ အႏၲရယ္ရွိပါတယ္။ ထြက္ေျပးလာတယ္လို႔ ဟန္ေဆာင္႐ုံတင္မကဘဲ၊ လွ်ိဳ၀ွက္စစ္ဆင္ေရးေတြအတြက္ အသုံးျပဳႏိုင္မယ့္သူေတြပါ ပါလာႏိုင္တယ္လို႔ Latvia ႏိုင္ငံျခားေရး၀န္ႀကီး Edgars Rinkevics က VOA ကိုေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

ရုရှားကထွက်ပြေးလာသူတွေကို လက်ခံတဲ့ အိမ်နီးချင်းနိုင်ငံတွေ အခက်ကြုံ

{{Zawgyi/Unicode}}
ရုရှားမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို ရှောင်ရှားဖို့ လူငယ်တွေထွက်ပြေးလာနေတဲ့အတွက် အိမ်နီးခြင်းနိုင်ငံတွေအနေနဲ့ သမတပူတင်ရဲ့စစ်ပွဲကိုဆန့်ကျင်တာကိုအားပေးချင်ပေမယ့်လည်း ရုရှားထောက်လှမ်းရေးတွေ ပါလာမှာကိုလည်းစိုး ရိမ်နေကြပါတယ်။

စစ်မှုထမ်းဖို့ရှောင်ရှားပြီး ထွက်ပြေးလာသူတွေကို လက်ခံဖို့ကိစ္စမှာ ဥရောပနိုင်ငံတွေအကြားကွဲလွဲမှုတွေရှိနေပါတယ်။ ဂျော်ဂျီယာ၊ ဂျာမဏီ၊ အာမေးနီးယား နိုင်ငံတွေက ကြိုဆိုကြပေမယ့်၊ ပိုလန်၊ ဖင်လန် တို့လိုနိုင်ငံတွေက သူတို့နိုင်ငံထဲကို အဝင်မခံကြပါဘူး။

သမတပူတင်က အရံတပ်ဖွဲ့တွေ တစိတ်တပိုင်း စုစည်းဖို့ကြေညာတဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ ကစတင်ပြီး ရုရှားကနေထွက်ပြေးတဲ့ လူငယ်အရေအတွက်ဟာ ခန့်မှန်းခြေ ၄ သိန်းလောက်ရှိသွားပြီး၊ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တဲ့ ဖေဖေါ်ဝါရီလ ကစပြီး ရုရှားကနေ ထွက်ပြေးသူတွေကတော့ သိန်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

တချို့ကတော့ ရုရှားမှာ စစ်မှုမထမ်းချင်လို့ ထွက်ပြေးလာတာထက်၊ အိမ်နီးခြင်းနိုင်ငံတွေရဲ့ ကူညီစောင့်ရှောက်မှုကို လိုချင်တဲ့အတွက် ထွက်ပြေးလာကြတာပါ။ အထူးသဖြင့်တော့ ၂၀၀၈ ခုနှစ်က ရုရှားသိမ်းပိုက်ခဲ့ပြီး ဂျော်ဂျီယာကနေ ခွဲထွက်ခဲ့တဲ့ Abkhazia နဲ့ တောင် Ossetia နယ်တွေက ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ တန်ပြန်ထောက်လှမ်းရေးတွေ ပါလာနိုင်တဲ့ အန္တရယ်ရှိပါတယ်။ ထွက်ပြေးလာတယ်လို့ ဟန်ဆောင်ရုံတင်မကဘဲ၊ လျှိုဝှက်စစ်ဆင်ရေးတွေအတွက် အသုံးပြုနိုင်မယ့်သူတွေပါ ပါလာနိုင်တယ်လို့ Latvia နိုင်ငံခြားရေးဝန်ကြီး Edgars Rinkevics က VOA ကိုပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG