သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပစ္ခတ္တိုက္ခိုက္မႈေတြအတြက္ ႐ုရွားနဲ႔ ယူကရိန္း အျပန္အလွန္ အျပစ္ဖို႔


(Zawgyi / Unicode)

ယူကရိန္းမွာ တနဂၤေႏြေန႔က ဒံုးက်ည္ေတြနဲ႔ ပစ္ခတ္ခံရတာေၾကာင့္ ထိခိုက္ပ်က္စီးမႈေတြ ထပ္ၿပီး ျဖစ္ရပါတယ္။ ခြဲထြက္ေရးသမားေတြ ထိန္းခ်ဳပ္ရာ Donetsk ေဒသတြင္းက ၿမိဳ႕ေတာ္၀န္ရံုးကို ထိမွန္ခဲ႔တဲ႔ တိုက္ခိုက္မႈကိုေတာ့ ယူကရိန္း အစိုးရ လက္ခ်က္လို႔ ႐ုရွားလိုလားတဲ႔ တာ၀န္ရွိသူေတြက အျပစ္တင္ ေျပာဆိုခဲ႔ပါတယ္။ တခ်ိန္တည္းမွာဘဲ Zaporizhzhia ႏ်ဴးကလီးယား ဓာတ္အားေပး စက္ရံုရဲ႕ တဖက္မွာ ရွိတဲ႔ ၿမိဳ႕ကို ႐ုရွားရဲ႕ မစ္ဇိုင္း ဒံုးက်ည္ေတြ ထိမွန္တာေၾကာင့္ လူ ၆ ဦး ဒဏ္ရာရရွိေၾကာင္း ယူကရိန္း အာဏာပိုင္တို႔က ေျပာဆိုထားပါတယ္။

ယူကရိန္းရဲ႕ တစိတ္တပိုင္း ျဖစ္ၿပီး ႐ုရွားတို႔က သူတို႔ နယ္ေျမ အျဖစ္ မၾကာခင္က တဖက္သတ္ ေျပာဆိုထားတဲ႔ Donetsk ေဒသတြင္းက ၿမိဳ႕ေတာ္၀န္ အေဆာက္အအံုကေတာ့ အႀကီးအက်ယ္ ပ်က္စီးခဲ႔ပါတယ္။ ျပဴတင္းေပါက္ေတြ ကြဲထြက္ကုန္သလို မ်က္ႏွာက်က္ တစိတ္တပိုင္းလည္း ၿပိဳက်သြားပါတယ္။ အနီးအနားက ကားေတြလည္း မီးေလာင္သြားပါတယ္။ ထိခိုက္ ေသဆံုးမႈ ဆိုင္ရာ ထုတ္ျပန္ခ်က္ေတြေတာ့ မရွိေသးပါဘူး။

ယူကရိန္း အစိုးရဘက္ကေတာ့ တိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ မေပးသလို သူတို႔ တိုက္ခိုက္တယ္လို႔လည္း ေျပာဆိုမထားပါဘူး။ Zaporizhzhia ႏ်ဴးကလီးယား ဓာတ္အားေပး စက္ရံုအနီး တိုက္ခိုက္ခံရမႈမွာေတာ့ ထိခိုက္ဒဏ္ရာ ရမႈေတြ အျပင္ လွ်ပ္စစ္ လိုင္း ၅ လိုင္း၊ ဓာတ္ေငြ႕ပိုက္လိုင္းေတြ၊ အရပ္ဘက္ ဆိုင္ရာ စီးပြားေရးလုပ္ငန္းေတြနဲ႔ လူေန အေဆာက္အအံုေတြလည္း ပ်က္စီးရေၾကာင္း ယူကရိန္း အာဏာပိုင္တို႔က ေျပာပါတယ္။ ဓာတ္အားေပး စက္ရံုနဲ႔ အနီးတဝိုက္ တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး ႐ုရွားနဲ႔ ယူကရိန္းတို႔ တဖက္နဲ႔ တဖက္ အျပန္အလွန္ စြပ္စြဲေနၾကတာပါ။ ႐ုရွား ထိန္းခ်ဳပ္ထားတဲ႔ စက္ရံုကို ယူကရိန္း နည္းပညာရွင္ေတြနဲ႔ ဆက္လက္ လည္ပတ္ေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် ရုရှားနဲ့ ယူကရိန်း အပြန်အလှန် အပြစ်ဖို့

ယူကရိန်းမှာ တနင်္ဂနွေနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ထပ်ပြီး ဖြစ်ရပါတယ်။ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ရာ Donetsk ဒေသတွင်းက မြို့တော်ဝန်ရုံးကို ထိမှန်ခဲ့တဲ့ တိုက်ခိုက်မှုကိုတော့ ယူကရိန်း အစိုးရ လက်ချက်လို့ ရုရှားလိုလားတဲ့ တာဝန်ရှိသူတွေက အပြစ်တင် ပြောဆိုခဲ့ပါတယ်။ တချိန်တည်းမှာဘဲ Zaporizhzhia နျူးကလီးယား ဓာတ်အားပေး စက်ရုံရဲ့ တဖက်မှာ ရှိတဲ့ မြို့ကို ရုရှားရဲ့ မစ်ဇိုင်း ဒုံးကျည်တွေ ထိမှန်တာကြောင့် လူ ၆ ဦး ဒဏ်ရာရရှိကြောင်း ယူကရိန်း အာဏာပိုင်တို့က ပြောဆိုထားပါတယ်။

ယူကရိန်းရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ရုရှားတို့က သူတို့ နယ်မြေ အဖြစ် မကြာခင်က တဖက်သတ် ပြောဆိုထားတဲ့ Donetsk ဒေသတွင်းက မြို့တော်ဝန် အဆောက်အအုံကတော့ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ပြူတင်းပေါက်တွေ ကွဲထွက်ကုန်သလို မျက်နှာကျက် တစိတ်တပိုင်းလည်း ပြိုကျသွားပါတယ်။ အနီးအနားက ကားတွေလည်း မီးလောင်သွားပါတယ်။ ထိခိုက် သေဆုံးမှု ဆိုင်ရာ ထုတ်ပြန်ချက်တွေတော့ မရှိသေးပါဘူး။ ယူကရိန်း အစိုးရဘက်ကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးသလို သူတို့ တိုက်ခိုက်တယ်လို့လည်း ပြောဆိုမထားပါဘူး။

Zaporizhzhia နျူးကလီးယား ဓာတ်အားပေး စက်ရုံအနီး တိုက်ခိုက်ခံရမှုမှာတော့ ထိခိုက်ဒဏ်ရာ ရမှုတွေ အပြင် လျှပ်စစ် လိုင်း ၅ လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ အရပ်ဘက် ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေနဲ့ လူနေ အဆောက်အအုံတွေလည်း ပျက်စီးရကြောင်း ယူကရိန်း အာဏာပိုင်တို့က ပြောပါတယ်။ ဓာတ်အားပေး စက်ရုံနဲ့ အနီးတဝိုက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းတို့ တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲနေကြတာပါ။ ရုရှား ထိန်းချုပ်ထားတဲ့ စက်ရုံကို ယူကရိန်း နည်းပညာရှင်တွေနဲ့ ဆက်လက် လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG