သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကာကွယ်ရေး NATO စည်းဝေး


ယူကရိန်းကာကွယ်ရေးဆိုင်ရာ အစည်းဝေးကျင်းပနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ကမြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ - နေတိုး ဌာနချုပ်ရှေ့က အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလံများ။ (အောက်တိုဘာ ၁၂၊၂၀၂၂) 
ယူကရိန်းကာကွယ်ရေးဆိုင်ရာ အစည်းဝေးကျင်းပနေတဲ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ကမြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ - နေတိုး ဌာနချုပ်ရှေ့က အဖွဲ့ဝင်နိုင်ငံတွေရဲ့ အလံများ။ (အောက်တိုဘာ ၁၂၊၂၀၂၂) 

[[Zawgyi/Unicode]]

ရုရှားကျူးကျော်စစ်ရင်ဆိုင်နေရတဲ့ ယူကရိန်းကိုအကူအညီပေးဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO ကာကွယ်ရေးဝန်ကြီးတွေရဲ့ ယူကရိန်းကာကွယ်ရေးဆိုင်ရာအစည်းအဝေးကို Brussels မြို့မှာ ဒီကနေ့ ကျင်းပရာမှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး တက်ရောက် စကားပြောပါတယ်။

ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေးအုပ်စုလို့ခေါ်တဲ့ ဒီအဖွဲ့ရဲ့အစည်းအဝေးဟာ ယူကရိန်းကို ဘယ်လို အကူအညီတွေတိုးမြှင့်ပေးမလဲဆိုတာ ဆွေးနွေးကြတဲ့အခါ ထိပ်တန်းဦးစားပေးကိစ္စအကြောင်းဖြစ်လာမှာကတော့ ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးဖြစ်တယ်လို့ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က သတင်းထောက်တွေ ကို ပြောပါတယ်။

ဒီနှစ်ဖေဖော်ဝါရီလ ရုရှားကျူးကျော်စစ် စတင်ပြီးကတည်းကဆိုရင် အခု အပတ်အတွင်းအခြေအနေဟာ အတော်လေး စိုးရိမ်စရာ စစ်ရှိန်မြင့်တက်လာနေတာမို့ လုံခြုံရေးအတွက် အရေးတကြီး အခြေအနေအဖြစ် အခု အစည်အးဝေးကို ခေါ်ယူခဲ့တာလို့လည်း NATO အတွင်းရေးမှူးချုပ်ကပြောပါတယ်။ ဒီအစည်းအဝေးကို အမေရိကန်ကာကွယ်ရေးဝန်ကြီးက ကမကထပြု ဦးဆောင်ကျင်းပတာပါ။

မနေ့ကလုပ်တဲ့ G7 စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေးမှာတော့ ယူကရိန်းနဲ့အတူ ခိုင်မာစွာရပ်တည်သွားကြမယ်လို့ G7 ခေါင်းဆောင်တွေ ကတိပြုခဲ့ကြပါတယ်။ ယူကရိန်းမြို့တော်နဲ့ မြို့အတော်များများကို ရုရှားက ဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေချိန်မှာပဲ အခုလို အစည်းအဝေးတွေ ကျင်းပနေတာဖြစ်ပါတယ်။

ယူကရိန်းကာကွယ်ရေး NATO စည်းဝေး.wav
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]






XS
SM
MD
LG