သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို အီလြန္မက္စ္ခ္ အင္တာနက္ဆက္ေပး


Starlink Map webpage

ယူကရိန္းႏိုင္ငံကို ေပးေနတဲ့ Starlink အင္တာနက္ကို ဆက္ၿပီးေပးသြားမယ္လို႔ SpaceX ကုမၸဏီအႀကီးအကဲ ကမာၻေက်ာ္ဘီလ်ံနာသူေဌးႀကီး Elon Musk က ေျပာလိုက္ပါတယ္။ ယူကရိန္းကို အင္တာနက္ေတြ ဆက္ေပးဖို႔ မတတ္ႏိုင္ေတာ့ဘူးလို႔ ေၾကျငာၿပီး တရက္အၾကာမွာပဲ၊ သူ႔အေနနဲ႔ ေကာင္းတဲ့အလုပ္ေတြ လုပ္ဖို႔လိုတဲ့အတြက္ SpaceX ဒုံံးပ်ံကုမၸဏီအေနနဲ႔ သူ႔ရဲ႕ Starlink အင္တာနက္ကို ဆက္ၿပီးေထာက္ပံ့သြားမွာ ျဖစ္တယ္လို႔ ေအာက္တိုဘာ ၁၅ စေနေန႔က ေျပာသြားတာ ျဖစ္ပါတယ္။

တျခားကုမၸဏီေတြက အခြန္ထမ္းျပည္သူေတြရဲ႕ ေဒၚလာဘီလ်ံေပါင္းမ်ားစြားရေနၿပီး၊ Starlink ကုမၸဏီက ေငြေၾကးဆုံးရႈံးမႈေတြ ဆက္ျဖစ္ေနေပမယ့္လည္း၊ က်ေနာ္တို႔အေနနဲ႔ ယူကရိန္းအစိုးရကို ေငြေၾကးေထာက္ပံ့မႈေတြကို ဆက္လုပ္သြားမွာ ျဖစ္တယ္လို႔ Elon Musk က တြစ္တာကေန ေရးပါတယ္။

ေသာၾကာေန႔တုန္းကေတာ့ SpaceX ကုမၸဏီအေနနဲ႔ Starlink ကေန ယူကရိန္းကို အင္တာနက္ေပးေနတာေတြကို အကန႔္အသတ္မရွိ ေပးႏိုင္မွာမဟုတ္ဘူးလို႔ Elon Musk က ေျပာပါတယ္။ အခုလို အင္တာနက္ေပးေနတာေၾကာင့္ ယူကရိန္း ျပည္သူေတြနဲ႔ စစ္တပ္ဟာ ႐ုရွားနဲ႔စစ္ပြဲအတြင္း အင္တာနက္ ဆက္ၿပီးေတာ့ သုံးႏိုင္ေနတာ ျဖစ္ပါတယ္။ အေစာပိုင္းမွာေတာ့ သူ႔အေနနဲ႔ အခုလို စိတ္ေျပာင္းသြားတာ တကယ္ဟုတ္မဟုတ္ဆိုတာ ရွင္းရွင္းလင္း မသိရေပမယ့္၊ ေနာက္ပိုင္းမွာ ေတြ႔ရတာကေတာ့ သူ႔အေနနဲ႔ စိတ္ေျပာင္းသြားတဲ့ပုံ ရတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။

==== Unicode =====

ယူကရိန်းနိုင်ငံကို ပေးနေတဲ့ Starlink အင်တာနက်ကို ဆက်ပြီးပေးသွားမယ်လို့ SpaceX ကုမ္ပဏီအကြီးအကဲ ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး Elon Musk က ပြောလိုက်ပါတယ်။ ယူကရိန်းကို အင်တာနက်တွေ ဆက်ပေးဖို့ မတတ်နိုင်တော့ဘူးလို့ ကြေငြာပြီး တရက်အကြာမှာပဲ၊ သူ့အနေနဲ့ ကောင်းတဲ့အလုပ်တွေ လုပ်ဖို့လိုတဲ့အတွက် SpaceX ဒုံံးပျံကုမ္ပဏီအနေနဲ့ သူ့ရဲ့ Starlink အင်တာနက်ကို ဆက်ပြီးထောက်ပံ့သွားမှာ ဖြစ်တယ်လို့ အောက်တိုဘာ ၁၅ စနေနေ့က ပြောသွားတာ ဖြစ်ပါတယ်။

တခြားကုမ္ပဏီတွေက အခွန်ထမ်းပြည်သူတွေရဲ့ ဒေါ်လာဘီလျံပေါင်းများစွားရနေပြီး၊ Starlink ကုမ္ပဏီက ငွေကြေးဆုံးရှုံးမှုတွေ ဆက်ဖြစ်နေပေမယ့်လည်း၊ ကျနော်တို့အနေနဲ့ ယူကရိန်းအစိုးရကို ငွေကြေးထောက်ပံ့မှုတွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ Elon Musk က တွစ်တာကနေ ရေးပါတယ်။

သောကြာနေ့တုန်းကတော့ SpaceX ကုမ္ပဏီအနေနဲ့ Starlink ကနေ ယူကရိန်းကို အင်တာနက်ပေးနေတာတွေကို အကန့်အသတ်မရှိ ပေးနိုင်မှာမဟုတ်ဘူးလို့ Elon Musk က ပြောပါတယ်။ အခုလို အင်တာနက်ပေးနေတာကြောင့် ယူကရိန်း ပြည်သူတွေနဲ့ စစ်တပ်ဟာ ရုရှားနဲ့စစ်ပွဲအတွင်း အင်တာနက် ဆက်ပြီးတော့ သုံးနိုင်နေတာ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ သူ့အနေနဲ့ အခုလို စိတ်ပြောင်းသွားတာ တကယ်ဟုတ်မဟုတ်ဆိုတာ ရှင်းရှင်းလင်း မသိရပေမယ့်၊ နောက်ပိုင်းမှာ တွေ့ရတာကတော့ သူ့အနေနဲ့ စိတ်ပြောင်းသွားတဲ့ပုံ ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

XS
SM
MD
LG