သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပသမဂၢကို ျပဳျပင္ေျပာင္းလဲဖို႔ ဂ်ာမနီ ဝန္ႀကီးခ်ဳပ္ ေဆာ္ၾသ


German Chancellor Olaf Scholz delivers a speech during a congress of the Party of European Socialists (PES) in Berlin, Germany, Oct. 15, 2022.

EU ဥေရာပသမဂၢမွာ ႏိုင္ငံသစ္ေတြတိုးလာတဲ့ အျပင္ ၂၇ ႏိုင္ငံပါဝင္တဲ့ EU မွာ စစ္ေရးအရ သီးျခား လြတ္လပ္မႈ ပိုရွိလာတာနဲ႔ ကိုက္ညီေအာင္ ဖြဲ႔စည္းမႈကို ျပဳျပင္ေျပာင္းလဲဖို႔ ဂ်ာမဏီ ဝန္ႀကီးခ်ဳပ္ Olaf Scholz က စေနေန႔က ဘာလင္ၿမိဳ႔ေတာ္မွာ ျပဳလုပ္တဲ႔ ဥေရာပ ဆိုရွယ္လစ္ပါတီ ကြန္ဂရက္မွာ ေျပာၾကားလိုက္ပါတယ္။ 

ဥေရာပသမဂၢကို ျပဳျပင္ေျပာင္းလဲဖို႔ ဂ်ာမနီ ဝန္ႀကီးခ်ဳပ္ ေဆာ္ၾသ

{{Zawgyi/Unicode}}
EU ဥေရာပသမဂၢမွာ ႏိုင္ငံသစ္ေတြတိုးလာတဲ့ အျပင္ ၂၇ ႏိုင္ငံပါဝင္တဲ့ EU မွာ စစ္ေရးအရ သီးျခား လြတ္လပ္မႈ ပိုရွိလာတာနဲ႔ ကိုက္ညီေအာင္ ဖြဲ႔စည္းမႈကို ျပဳျပင္ေျပာင္းလဲဖို႔ ဂ်ာမဏီ ဝန္ႀကီးခ်ဳပ္ Olaf Scholz က စေနေန႔က ဘာလင္ၿမိဳ႔ေတာ္မွာ ျပဳလုပ္တဲ႔ ဥေရာပ ဆိုရွယ္လစ္ပါတီ ကြန္ဂရက္မွာ ေျပာၾကားလိုက္ပါတယ္။

“မၾကာခင္မွာ လူဦးေရ ၁၀ ဘီလီယံျဖစ္လာေတာ့မယ့္ EU အေနနဲ႔ ကမာၻမွ ာကိုယ့္စံတန္ဖိုးကို ကိုယ္ကာကြယ္ ခ်င္စိတ္ရွိမယ္ဆိုရင္ အဖြဲ႔ဝင္ႏိုင္ငံေတြ ထပ္တိုးလာတာ ေကာင္းပါတယ္။ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံကေန ၃၀ ေနာက္ ၃၆ ႏိုင္ငံနဲ႔ လူဦးေရ သန္း ၅၀၀ ေက်ာ္ျဖစ္လာမယ့္ အီးယူရဲ႕ တန္းတူညီမွ်မႈရွိၿပီး လြတ္လပ္တဲ့ ႏိုင္ငံသားေတြက ဒီကမာၻႀကီးကို ပိုၿပီးေတာင္ အင္အားႀကီးေအာင္ လုပ္ႏိုင္မွာပါ။” လို႔ ေျပာသြားတာပါ။

ဒါ့အျပင္ ဥေရာပေဒသတြင္း ႏိုင္ငံေတြၾကား ကာကြယ္ေရး ေဆာင္ရြက္မႈေတြမွာ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔လည္း ဂ်ာမနီဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

၂၀၂၅ မွာ EU ရဲ႕ အလ်င္အျမန္ တုံ႔ျပန္ေရးအဖြဲ႔ကို စြမ္းရည္တိုးႁမွင့္ၿပီး လက္တြဲေဆာင္ရြက္မႈေတြ ပိုလုပ္ႏိုင္ဖို႔ EU မွာ ခုထက္ပိုပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္ေနသလို၊ EU ဌာနခ်ဳပ္မွာလည္း ရွင္းလင္းျပတ္သားတဲ့ ဖြဲ႔စည္းမႈ ရွိဖို႔လိုအပ္ေနတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Scholz ကေျပာပါတယ္။

အစည္းအေဝးမွာ ဥေရာပေကာ္မရွင္ရဲ႕ ဒုဥကၠဌကေတာ့ ယူကရိန္းအေရးနဲ႔ ပတ္သက္ၿပီး ေျပာၾကားခဲ့တာျဖစ္ၿပီး အခုလို ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္ေနတဲ့ ႐ုရွားသမၼတ Vladimir Putin ဟာ ယူကရိန္း တင္မကပဲ၊ ဒီမိုကေရစီကိုပါ ေခ်မႈန္းၿပီး အာဏာရွင္ စနစ္ပ်ံ႕ႏွံ႔ေအာင္ လုပ္ေနတာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................................................

ဥရောပသမဂ္ဂကို ပြုပြင်ပြောင်းလဲဖို့ ဂျာမနီ ဝန်ကြီးချုပ် ဆော်သြ

{{Zawgyi/Unicode}}
EU ဥရောပသမဂ္ဂမှာ နိုင်ငံသစ်တွေတိုးလာတဲ့ အပြင် ၂၇ နိုင်ငံပါဝင်တဲ့ EU မှာ စစ်ရေးအရ သီးခြား လွတ်လပ်မှု ပိုရှိလာတာနဲ့ ကိုက်ညီအောင် ဖွဲ့စည်းမှုကို ပြုပြင်ပြောင်းလဲဖို့ ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholz က စနေနေ့က ဘာလင်မြို့တော်မှာ ပြုလုပ်တဲ့ ဥရောပ ဆိုရှယ်လစ်ပါတီ ကွန်ဂရက်မှာ ပြောကြားလိုက်ပါတယ်။

“မကြာခင်မှာ လူဦးရေ ၁၀ ဘီလီယံဖြစ်လာတော့မယ့် EU အနေနဲ့ ကမ္ဘာမှ ာကိုယ့်စံတန်ဖိုးကို ကိုယ်ကာကွယ် ချင်စိတ်ရှိမယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေ ထပ်တိုးလာတာ ကောင်းပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံကနေ ၃၀ နောက် ၃၆ နိုင်ငံနဲ့ လူဦးရေ သန်း ၅၀၀ ကျော်ဖြစ်လာမယ့် အီးယူရဲ့ တန်းတူညီမျှမှုရှိပြီး လွတ်လပ်တဲ့ နိုင်ငံသားတွေက ဒီကမ္ဘာကြီးကို ပိုပြီးတောင် အင်အားကြီးအောင် လုပ်နိုင်မှာပါ။” လို့ ပြောသွားတာပါ။

ဒါ့အပြင် ဥရောပဒေသတွင်း နိုင်ငံတွေကြား ကာကွယ်ရေး ဆောင်ရွက်မှုတွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဂျာမနီဝန်ကြီးချုပ်က ပြောပါတယ်။

၂၀၂၅ မှာ EU ရဲ့ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ကို စွမ်းရည်တိုးမြှင့်ပြီး လက်တွဲဆောင်ရွက်မှုတွေ ပိုလုပ်နိုင်ဖို့ EU မှာ ခုထက်ပိုပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေသလို၊ EU ဌာနချုပ်မှာလည်း ရှင်းလင်းပြတ်သားတဲ့ ဖွဲ့စည်းမှု ရှိဖို့လိုအပ်နေတယ်လို့လည်း ဝန်ကြီးချုပ် Scholz ကပြောပါတယ်။

အစည်းအဝေးမှာ ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဌကတော့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပြီး အခုလို ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်း တင်မကပဲ၊ ဒီမိုကရေစီကိုပါ ချေမှုန်းပြီး အာဏာရှင် စနစ်ပျံ့နှံ့အောင် လုပ်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG